ခန်းမကြီးပွင့်ပြီတဲ့

835 153 22
                                    

ယခင်နှစ်တွေဟာ အောက်လမ်းနှိမ်နှင်းခြင်း
သင်ခန်းစာကို ကွိုင်ရယ် ကသင်ကြားသည် ။
ဒါပေမဲ့ ကွိုင်ရယ် ၊ မှော်ကျောက်တုံးကိစ္စနဲ့
ရှေ့တစ်နှစ်ဆုံးသွားခြင်းကြောင့် ကွိုင်ရယ် အစား
စာရေးဆရာ ဂေးလ်ဒ်ရိုင်တော့ဟတ် က
သင်ကြားပေးရန်အကြောင်းဖန်လာသည် ။

အတန်းထဲ အတန်းသားများ အားလုံးစုံလင်
လို့နေပြီးဖြစ်သည် ။ အခုထိသင်ကြားရန်
ဆရာက အပေါ်ထပ်မှဆင်းမလာသေးပါ ။
အတန်ကြာမှ...

"အားလုံးမင်္ဂလာပါ။ ဒုတိယနှစ်ကျောင်း
သူ/သား လေးတို့"

မိန်းကလေးတွေက ချောမောတဲ့ရုပ်ရည်နဲ့
ဂေးဒ်ရိုင်း အားကြွေးဆင်းနေကြတယ် ။
(AN-ကြည့်လို့ကိုမရ။) တကယ် ။ ဒရေကို
အတွက် ပျင်းစရာအတန်းချိန်တစ်ခု ထပ်မံပေါ်
ပေါက်လာပြီဘဲ ။ တကယ် စိတ်ပျက်ဖို့
ကောင်းတယ် ။

"ငါပါ ။ ငါပေါ့ ။" မစ္စတာ တော့ဟတ်
ပြောတယ်။
"...မင့်တို့ကို အောက်လမ်းပညာနှိမ်နှင်း
ခြင်းသင်ခန်းစာကိုသင်ကြားပေးမဲ့ဆရာပေါ့။"
ပြောရင်း အတန်းသားများရှိရာ လှေခါး
တစ်ထစ်ချင်းဆင်းလာတယ် ။

စာသင်ခန်းကကို ၊ မုန်းစရာ ။
စာသင်ခန်းနဲ့မတူ ဓာတ်ပုံပြတိုက်လို့
ထင်ရအောင် ၊ သူပုံတွေချည်းတစ်ခုံးလုံး
အနှံ့လျှောက်ချိတ်ထားတာဖြင့် လွန်ရော ။
အကုန်လုံးကလည်း မှော်ကင်မရာနဲ့
ရိုက်ထားတာကြောင့် ဟောဝပ်စင်္ကြံတွေမှ
ဓာတ်ပုံတွေလို ရွေ့လျားနေပြတယ် ။

"ခု သင်ခန်းစာဟာ.. " မစ္စတာ တော့ဟတ်
ပြောတယ် ။
"...မင့်တို့ ထိန်းချုပ်ခြင်းကို ဘယ်လောက်
ကျွမ်းကျင်းသလဲ ။ စမ်းသပ်ဖို့လိုတယ် ။
ဒါက ခက်ခဲလွယ်ကူပါတယ် ။"

"...." မစ္စတာ တော့ဟတ် စားပွဲပေါ်တင်
ထားတဲ့ အနီရောင်အပိုင်းစရှည်နဲ့အုပ်ထားတဲ့
အရာကို မှော်ကျိန်လုံး နဲ့ရိုက်တော့ ။လှုပ်ရှား
လို့သွားတဲ့.. အနီရောင်အပိုင်းစရဲ့ အထဲက
အရာ ။
(AN-ဒီအခန်းတွေဆိုဇာတ်ကားမှာကွက်ကွက်
ကွင်းကွင်းပါလို့...အတိုလေးဘဲရှင်းလင်းရေး
သားဖို့စိတ်ကူးထားပါတယ်နော် ။ ဒါဒါလေးတွေ
ဖြည့်ဖတ်ပေးဖို့ သာသာတောင်းဆိုပါတယ်။)

Another Series I [ZG Ver]Where stories live. Discover now