ကွစ်ဒစ်ကစားပွဲ

974 184 28
                                    

ဒရေကို...မနက်နံနက် ဟောခန်းတွင် သူငယ်ချင်း
များကြား နာမည်ကြီးနေလိုက်တာ။
ဟိုလူ.. ချော့ကလက် လာကျွေး ဟိုသူ
သကြားလုံး လာကျွေးနဲ့လာဘ် တွေတက်
နေလိုက်တာ။

ညက ဟိုဧရာမတစ္ဆေကြီး...ထိန်းချုပ်
နိုင်ခဲ့သောကြောင့်ဖြစ်သည်။

"တစ္ဆေကြီး ကငါတို့လူဆယ်ယောက်စာ
လောက်ကြီးတယ် ခရက်...နောက်ပြီး
အ့ကောင် ဝေစလေကိုစားတော့မလို့ဟ
ငါဝင်ကယ်လို့သာ"

ဒရေကို ဟုခေါ်သောကိုယ်ဟာ
သည်ကလို သေးသေးလေးကိုကြီးကြီးမားမား
လုပ်ပြောတတ်သည်က အကျင့်ကိုပါနေတာ။
ဖျောက်ဖျက်လို့ကိုမရ။

"တော်လိုက်တာ ဒရေကို"

ပင်စီ ပလူပလဲလာပြောလို့...ခရက် နဲ့ ဂိုစီ
ကတော့...ချီးမွမ်းလို့မဆုံး
ဘေးမျက်နှာလိုမျက်နှာရ မိတ်ဆွေအတုတွေ
ကလည်း တပုန်တအော။

ဒရေကို ကြိုသိပါတယ်။ထိုလူတွေက
ကိုယ့်ရဲ့ အနာဂတ်မှာဘာဆိုဘာမှအရေး
မပါတဲ့သူတွေချည်းဘဲဆိုတာကိုပေါ့။

ကိုယ်.. ဟယ်ရီ တို့ဆီအကြည့်ရောက်မိတယ်။
ပရောဖက်ဆာ စနပ်ဖ် ကိုလည်းတွေ့တယ်
ဘာတွေပြောနေကြမှန်းမသိပေမဲ့။

ကိုယ်သိတယ်။ဟယ်ရီ...ပရောဖက်ဆာ စနပ်ဖ်
ဆိုလုံးဝကြည့်မရဘူးဆိုတာကိုလေ။ဒါမဲ့...
ဟယ်ရီ အပေါ်အကောင်းဆုံးလူဟာ...
ပရောဖက်ဆာ စနပ်ဖ် ဆိုတာကိုယ်သိတယ်။

အခုလည်း...ပရောဖက်ဆာ စနပ်ဖ် ထွက်
သွားတော့.. ဟာမွန်နီ တို့နဲ့တိုးတိုးပြော
နေကြသည်။ပရောဖက်ဆာ စနပ်ဖ် အကြောင်း
ပြောတယ်ဆိုတာ...ကိုယ် မလွဲမုချဟောနိုင်သည်။

ခဏတွင်...ဇီးကွက် တစ်ကောင်...တစ်ခု
သောအရာကိုသယ်မလို့လာသည်။အနီး
ရောက်လာတော့...တံမြက်စည်းတစ်ခုဆိုတာ
ဒရေကို ချက်ချဟောနိုင်သည်။

ဟယ်ရီ ကထရောက်ဖမ်းယူရင်း..တအံ့တသြ
ဖြစ်နေရှာတယ်။သူဆီ ဘယ်သူကများ
သည်ကလို...လက်ဆောင်နဲ့စာကို ပါးမှာ
တဲ့လေ။ဒါမဲ့.. ဟယ်ရီ ဆီပို့လာတာတော့
သေချာသည်။

ဒရေကိုအသားဖတ်ကို အားရအောင်
ဝါးရင်း...သူတို့သုံးယောက်အား ဆက်ကြည့်
လို့နေလိုက်တယ်။

Another Series I [ZG Ver]Where stories live. Discover now