ဟော့ဝပ်တ် သင်ခန်းစာ

1.3K 209 17
                                    

အဆောင်ခွဲခြင်းပြီးဆုံးသည်နဲ့ စားပွဲသောက်
ပွဲကိုအားရပါးရကျင်းပကြပြီ။

သမိုင်းဝင် မှော်ဝိညဉ်များလည်း ထွက်ပေါ်ရောက်ရှိ
လျက် ရှုပ်ထွေးလို့နေတော့သည်။
(AN - ဇာတ်ကားထားထဲကပုံရိပ်တေကို ဖြည့်တွေး
မြင်ယောင်ပြီးဖတ်စေချင်ပါတယ်နော်...
အသေးစိတ်တော့ဖော်မပြတော့ဘူး။)

တွေ့ဆုံပွဲပြီးဆုံးတော့...အဖွဲ့တွေရဲ့ စီနီယာ တစ်ယောက်ချင်းစီးက.. အဆောင်လိုက်ပို့ရင်း
ညွန်ကြားပြသည်။

ဒရေကို အတွက်ဘာမှမထူးဆန်းတော့သလို
ခံစားရပေမဲ့...မျက်လုံးလေးပြူးကျယ်ရင်း...
ပါးစပ်အဟောင်းသား ဖြစ်ကာအံ့သြမှုတွေဖြစ်
နေမဲ့...ဟယ်ရီ ရဲ့မျက်နှာကို မြင်ယောင်မိသေး။

ဒရေကို ကိုယ့်အတွေး နဲ့ကိုယ်ပြုံးရယ်မိနေတုန်း
ပင်စီဆိုတဲ့ ကပ်ပါးကောင်မ ဘေးနားကသွားရည်
တတောက်တောက်နဲ့...

ဒရေကို အခြေအနေအားသတိထားမိ၍..
အတွေးပျက်ကာ...အချေမျက်နှာအား ဖန်ဆင်း
ရင်း...စီနီယာ တွေညွန်ပေးသော အခန်း..
မှ ကုတင်တစ်လုံးရွေးချယ်ရင်း...ကုတင်
ပေါ် ပစ်လှဲချသည်နဲ့ မကြာခင်မှာပဲ တစ်နေ့တာပင်ပန်းခြင်းတွေကြောင့်ရယ်လား
မသိပေမဲ့။ချက်ချင်းဆိုအိပ်ပျော်သွားတာ။

.... ....

မနက်မိုးလင်း ပရောဖက်ဆာ မက်ဂေါ်နဂယ် ရဲ့
အတန်းချိန်ဖြစ်သည်။ အတန်းထဲလူစုံနေပြီး...
ဖြစ်သော်လဲ...ဟယ်ရီက ရောက်ရှိမလာသေး
သလို အရိပ်အချည်တောင်မတွေ့ရသေး...

ကိုယ်မနေနိုင်စွာ...အတန်းထဲမှ တစ်ယောက်တည်း
လစ်လာလိုက်တယ်။နောက်ပြီး...ဂရင်ဖင်ဒေါလ်
ကဏ္ဍပိုင်းတွေဆီဦးတည်လာမိတယ်။

"ဘုန်း....

"အ့"

လှေကားကွေ့အတက်တစ်ခုမှာ...ဒရေကို
တစ်စုံတစ်ယောက်နဲ့ ဝင်တိုက်မိတယ်။

"အိုက်ရား...မင့်သောက်စိ".

ကိုယ့်ရဲ့အလေ့အထကကို လူတစ်ယောက်ကို
နိမ့်ကျစေမဲ့ အချိုးမပြေစွာထွက်ကျတတ်သော
ကိုယ့်ပါးစပ်ကိုလည်းမုန်းသည်။
ထိုသူ...ကိုယ်တွေ့ချင်လွန်းလှနေပြီးဖြစ်တဲ့...
ကိုယ်တော်ချောလေး...ဟယ်ရီပေါ်တာ ကလွဲ
ရင်ဘယ်သူဖြစ်မတုန်း။

Another Series I [ZG Ver]Where stories live. Discover now