ကွစ်ဒစ်ကစားသမားအသစ်

1.2K 164 7
                                    

Flying class သို့သွားရန်...ဟောခန်းထဲမှ
ထွက်လာတဲ့ ဟယ်ရီ..

"ဟင်။"

ကိုယ့်လက်ကို ဖမ်းဆွဲသွားတဲ့ တစ်ဦးထိုသူ
ကား ဒရေကို မက်ဖွိုင်း...
သူလေး ဆွဲခေါ်ချင်းနောင်မှာ ကိုယ်ဒရောသောပါး
လေးပါသွားတယ်။

ဒရေကိုက ကျောင်းသားတွေနဲ့ဝေးရာ...
နေရာတစ်ခုဆီ ခေါ်လာပြီးမှ...

"ဟယ်ရီ"

"ပြောစရာရှိလို့လား မက်ဖွိုင်း"

ဒရေကို အမောဖြေပြီး...

"ဟာ...ငါ့ကို မက်ဖွိုင်းချည်းပဲခေါ်မနေစမ်းပါနဲ့
သူငယ်ချင်းတွေပဲဥစ္စာ...ဒရေကိုလို့ပဲ ရင်းရင်းနှီးနှီး
ခေါ်ဟုတ်ပီလား"

ဟယ်ရီ ကပြုံးရင်း...မျက်ခုံးလေးတွေ ပင့်တက်
ကာ...

"အင်းပါ ဒရေကို...." ဟယ်ရီပြောတယ်...
"ဒီကိုခေါ်လာတာ ဘာလုပ်မို့လဲဒရေကို"

"ဘာရယ်မဟုတ်ပါဘူး"

သွားလေးကြဲပြီး ပြောရင်း...
ဒရေကို...မှော်ကျောင်းဝတ်စုံထဲ ထည့်ထားသော
မုန့်ပဲသရေစာတွေ သကြားလုံးတွေ ကိုယူထုတ်
ကာ...ဟယ်ရီလက်ထဲထည့်ပေးတယ်။

"အားရင်စားပေါ့...နောက်ပြီး
မင့်ထံစာမရောက်လို့ သိမ်ငယ်မနေနဲ့...ဟယ်ရီ"

"ကျေးဇူးပါ ဒရေကို"

"ရပါတယ်လို့...." ဒရေကို ပြောတယ်...
"ကဲ...flying class ကိုသွားရအောင်
မဒမ် ဟုခ်ျ ကျောင်းဝင်းထဲခေါ်ထားတယ်"

ကိုယ်တို့...ကျောင်းဝင်းထဲဆင်းလာတော့..
လူစုနေဆဲပင်ဖြစ်သည်။

မြက်ခင်းစိမ်းစိမ်းတွေပေါက်ရောက်နေသည့်
ထိုမြက်ခင်းပြင်တွင်...ဂရင်ဖင်ဒေါလ်...
စလေသရင်း အတန်းသား တွေက...စီးတန်းပြီး
မျက်နှာချင်းဆိုင် ရပ်နေကြတယ်။

"ကဲ အားလုံးမင်္ဂလာပါ။
ကလေးတို့...အခုဆို flying ရဲ့...
ပထမနည်းနာချက်တွေ မင့်တို့ကို သင်ပေးရမှာ
ပေါ့။ဘေးဥပါဒ် မဖြစ်ဖို့ဆုတောင်းပါတယ်။"

မဒမ် ဟုခ်ျ သည်တည်ကြည်ခန့်ညားစွာနဲ့ပဲ
အမိုက်စားဆံပင်ကေနဲ့ အဝါရောင်မျက်ဝန်း
တွေကထင်းနေသည်။

Another Series I [ZG Ver]Where stories live. Discover now