တားမြစ်တောအုပ်

946 164 19
                                    

"ဟော..."

အခန်းတစ်ခုအတွင်းရောက်ရှိသည်နဲ့
ဟယ်ရီက ခြုံထည်အား...ဆွဲချပြီး
ပူဟိုက်မှုနဲ့...သူအင်္ကျီလည်စအားလှုပ်ရှား
နေစေတယ်။

"ဒရေကို...မင့်ငါ့ကိုဖက်ထားတာ လွှတ်တော့
လေကွာ..."

"ဟင်" ဒရေက်ု အခုမှသတိထားမိတာ...
ဟယ်ရီ ကိုတစေ့စေ့နဲ့စူးစိုက်ကြည့်နေမိတာ
ရယ်။ဟယ်ရီ ရဲ့မျက်မှောင်ကုတ်ကာပြောစကား
အဆုံးမှာ ကိုယ်သူခိုးလူမိသလို ရှက်ရှက်နဲ့
ဟယ်ရီကိုဖက်ထားတာလွတ်လိုက်မိတယ်။

"မစ္စတာဖီးရှ် ဝင်လိုက်လာမှာစိုးလို့ကွ"

"ဘာမှ မဆိုင်ပါဘူး"

ဟယ်ရီ ကပြောရင်း...မျက်မှန်းအားချွတ်ကာ...
အင်္ကျီစဖြင့်ဖုန်တွေသုတ်ပြီး ပြန်တပ်လိုက်တယ်။

"အခုငါ့တို့ရောက်နေရာ ဘယ်နေလဲ
မင့်သိလား...ဒရေကို"

"ဒါ..." ကိုယ်စဉ်းစားတယ်။
အဆောင်ခန်းဟာ...တော်တော် ဟောင်း
ပြီး မသုံးစွဲရတာတော်တော်ကြာပုံရသည်။

"ဟိုက မှန်ကဘာလဲ"

ဟယ်ရီ ကကြီးမားသော မှန်ချပ်ကြီးရှေ့
သွားရပ်ကြည့်နေတယ်။ကိုယ်ကတော့ ဟယ်ရီ
ချွတ်ချခဲ့သော ကိုယ်ပျောက်ခြုံထည်အား
ယူတင်ရင်း...ဝဲလက်ပေါ်တင်တော့ပျောက်ကွယ်
သွားသော ဝဲဘက်လက်

"ဟယ်ရီ...အ....အီ...
ငါ့လက်ပြတ်သွားတယ်ရယ်....အာ့"

ကိုယ် ဟယ်ရီအနားသွားရင်း...ပျောက်ကွယ်
သွားသောဝဲဘက်လက်အားလက်ညိုး
ထိုးကာ....မျက်နှာမှာနာကြင်မှု ပုံရိပ်တွေ
ထင်သာအောင်သရုပ်ဆောင်ရင်း...ဟယ်ရီ
အားစတော့...
ဟယ်ရီ ကမထိတရိလေးပြုံးရယ်ကာ

"သွေးလည်း တစ်စမှမတွေ့ရပါလားကွယ်
သနားစရာ လက်ကလေး...သွေးပါ ထွက်
အောင်...ငါရိုက်ချိုးပေးရမယ်ထင်ရဲ့"

လုံးဝစနောက်ဖို့ရာ မလွယ်ကူသော
ပေါ်တာစုတ် ကိုယ်...ကိုယ်ပျောက်ထည်ကို
ဝဲဘက်လက်မှဖယ်ရင်း...ဟယ်ရီအား
ပစ်ပေးတယ်။ဟယ်ရီ ကကိုယ်စိတ်တိုသွား
သောမျက်နှာကို ကြည့်ပြီးရယ်ရင်း ဖမ်းတယ်။

နောက်ပြီး...ဟယ်ရီ ကမှန်အားဆက်ကြည့်
နေလေရဲ့...
ခေတ္တမျှအကြာတွင်....

Another Series I [ZG Ver]Where stories live. Discover now