Chapter (6)

6.7K 885 130
                                    

ကိုယ့်ဘက်က စိတ်ဝင်စားနေတဲ့သူ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ကိုယ့်ဘက်က စိတ်ဝင်စားနေတဲ့သူ ..., ထားလိုက်ပါတော့ Crush နဲ့အတူတူ ကုတင်ပေါ်မှာရှိနေမယ်ဆိုရင် ဘာလုပ်ရမလဲ ? ဘာလုပ်ကြလဲဟင် ?

ဒါမျိုးက ဖြစ်ရောဖြစ်နိုင်ပါ့မလား? ဟုတ်ကဲ့... ဖြစ်နေပါပြီ။ မရိုးသားတာ ကာယကံရှင်ပဲသိတာမို့ ကတုန်ကယင်နဲ့ ကုတင်ပေါ်မှာကျုံ့ကျုံ့လေးဖြစ်နေပါပြီ။

" မင်းရေချိုးချင်လား? "

ဒီကြားထဲ Merv ကစကားကို လိုရာဆွဲတွေးချင်စရာကောင်းအောင်ပြောသည်။

" မင်းဆီက အရက်နံ့တော့မရပေမဲ့ ... နေလို့လန်းသွားအောင်ပါ "

ကျွန်တော့်နားကိုတော်တော်ကြီးကပ်လာပြီး အနံ့ခံသည်။ တိုက်တန်းလျားတွေကြားထဲမှာတုန်းကလို စူးစူးစိုက်စိုက်အနံ့ခံတာမျိုးမဟုတ်ဘဲ သက်ပြင်းသာသာလေးဖြတ်ပြေးသွားခြင်းဖြစ်သည်။ အဲအထိကပြသနာမရှိသေး... နားထဲကိုငှက်တောင်မွှေးလေး ဝင်သလောက်သာ ယားစိစိဖြစ်သည်။

အခုအခြေအနေအရ ကျွန်တော်နဲ့ Merv က ကုတင်ခြေရင်းမှာ ခုံတန်းလျားပေါ်ဘေးချင်းကပ်တူတူထိုင်နေကြသလို ခြေထောက်ကိုအောက်ကိုတွဲလောင်းချ၍ထိုင်နေကြခြင်းဖြစ်သည်။ မိုတယ်အခန်းသည် အိပ်ခန်းတစ်ခန်းစာကျယ်ဝန်းပြီး အိပ်ရင်းကြည့်လို့ရတဲ့ တီဗွီကြီးကြီးတစ်လုံးပါသည်။ ရေခဲသေတ္တာပိစိနဲ့ ဖဲဝိုင်းထောင်လို့သည့် စားပွဲခုံပုလေးက အခန်းထောင့်မှာရှိသည်။ နောက် ကုတင်ဘေးမှာ မီးအိမ်တင်ထားတဲ့စားပွဲလေးရယ်။

အခန်းထဲမှာစိတ်ဝင်စားစရာ ပစ္စည်းများများစားစားမရှိပါ။ ဘယ်သူမှလည်းအခန်းထဲက ပစ္စည်းတွေကို စိတ်ဝင်စားဖို့မိုတယ်မလာ။ ပစ္စည်းတွေဖယ်လိုက်ရင် စိတ်ဝင်စားစရာတစ်ခုပဲရှိတော့တယ် ဟင်း..ဟင်း..။ မစ္စတာ Cyril မှန်းချက်နဲ့နှမ်းထွက် လက်တွေ့မှာဝက်ဝက်ကွဲပုံများ ကုတင်ဘေးကခုံပေါ်မှာ ဘယ်ကလေးမသာကများ ဆော့လတ်စအရုပ်ပိစိတွေထားခဲ့လဲမသိ၊ Merv က အဲအရုပ်လေးတွေကို စိတ်ဝင်တစားနဲ့လှမ်းယူသည်။

Dear, RelationshipWhere stories live. Discover now