ရှောင်းကျိုး

32.6K 1.2K 21
                                    

[Zawgyi Version]


လိင် : ကျား
တိမ်းညွှတ်မှု : လိင်တူ




-----------------




[Unicode Version]

[ရှောင်းကျိုး ၊ အထက်ပုဂ္ဂိုလ်တစ်ယောက်၏အတွေး]

ကျွန်တော့်နာမည် ရှောင်းကျိုးပါ။
လိင် : ကျား
တိမ်းညွှတ်မှု : လိင်တူ
ဒီနှစ်ဆိုရင် ကျွန်တော့်အသက် ၂၆ နှစ်ပြည့်ပြီ။
အသက်မွေးဝမ်းကြောင်းလုပ်ငန်းမှာတော့အတော်အတန်အောင်မြင်ပါတယ်။

အထင်မလွဲကြပါနဲ့ ကျွန်တော်ဒီမှာကြင်ဖက်တွေ့ဖို့မဟုတ်ပါဘူး။
ကျွန်တော့်မှာ လုနင် ဆိုတဲ့ချစ်သူတစ်ယောက်ရှိတယ်။
ကျွန်တော်တို့က တက္ကသိုလ်ထဲက အတန်းဖော်တွေ။
ကျွန်တော်တို့ သိတာ ၈ နှစ်ရှိပြီ။
တွဲနေတာကတော့ ၇ နှစ်ပေါ့။

ကျွန်တော်တို့ ဆက်ဆံရေးတော်တော်လေးအဆင်ပြေပြီးရန်ဖြစ်ခဲတယ်။
ဒါပေမဲ့ ပြဿနာတစ်ခုကကျွန်တော့်ကို နှစ်အတော်ကြာတိုက်စားနေတယ်။
ကျွန်တော့် ချစ်သူက ဗျာ ကျွန်တော်တို့ ၇ နှစ်လောက်တောင်တွဲလာတာကို သူ့ကိုယ်သူ အဖြောင့် ကြီးပါဆိုပြီးလာလာပြောနေတယ်။

ကျွန်တော်တို့ ချစ်သူသက်တမ်းက ၇ နှစ်တာယားယံခြင်းဆိုတဲ့ သမိုင်းဝင်အချိန်ကြီးကို ရောက်လာတာနဲ့အမျှ ကျွန်တော် ပိုပိုပြီးစိုးရိမ်လာတော့တာပဲ။

-----------------

Author 东风几许 ရေးသားတဲ့ My wife is straight ကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

Link here : https://www.novelupdates.com/extnu/2520372/

Special Thanks for story cover No_Coz

ဖြောင့်လွန်းလို့ခက် 《​ဖြောင့်လွန်းလို့ခက်》 < 2 Ver>Where stories live. Discover now