ပထမဆုံးတွေ့ဆုံခြင်း

6.5K 787 41
                                    

[Zawgyi Version]

ကျွန်တော် ပထမ နှစ်တုန်းကပေါ့ အဆောင် တံခါးကိုဖွင့်ဖွင့်လိုက်ချင်း ကျွန်တော့် ထက်အရင်ရောက်နှင့်နေတဲ့အခန်းဖော်ကိုတွေ့လိုက်တယ်။
သူက တံခါး ဖွင့်သံကြားတော့ ကျွန်တော့် ကိုလှမ်းကြည့်တယ်။

သူက မျက်ခုံးတန်းတန်း ၊
နှာတံစင်းစင်း ၊
သူ့နှုတ်ခမ်းက မထူဘူး မပါးဘူး။
သူ့ပုံစံက သြဇာရှိတဲ့ပုံမျိုး။
ကျွန်တော် ကအဖြောင့်ပေမဲ့ မတတ်နိုင်တော့ဘူး ဆွဲဆောင်ခံလိုက်ရပြီ။
သူ အရမ်းချောလွန်းတယ်။

သူထိုင်နေပေမဲ့ ကျွန်တော်ပြောနိုင်တယ် သူအရပ်တော်တော်ရှည်တယ်။
ကျွန်တော် နှုတ်ဆက်တော့ သူ မတ်တပ်ရပ်လာတယ်။

တော်တော်ရှည်တဲ့အရပ်။
ကျွန်တော့် ခန့်မှန်းရရင် ၁၈၅ စင်တီမီတာလောက်ရှည်မယ်။
နောက်ပိုင်းရောက်မှ ကျွန်တော် ခြေဖျားထောက်ပြီးတိုင်းကြည့်တာ ၁၈၇ လောက်ရှိမယ်ဗျ။
ကျွန်တော့်လို ၁၆၇ စင်တီမီတာ ပဲရှည်တဲ့ ကောင်လေးကတော့ငိုချင်တာပေါ့။
ဒါပေမဲ့ မငိုပါဘူး အဖြောင့်တွေက အရမ်းကြီး ဂေးတဲ့ပုံစံ ဖြစ်လို့မရဘူး။

ကျွန်တော် နှုတ်ဆက်လိုက်တယ်။
သူ "ဟယ်လို" လို့ ပြန်နှုတ်ဆက်ပေမဲ့ အသံမကောင်းဘူး။
ပြီးတော့ ကျွန်တော် သူ့မျက်ခုံးတွန့်ထားတာတွေ့လိုက်တယ်။
ထင်ပါတယ် သူ ကျွန်တော့်ကို အမြင်ကပ်ပြီး စိတ်ရှုပ်စရာကောင်းတယ်ထင်နေမှန်း။

ဘာဖြစ်လို့ အဲ့လိုဖြစ်နေမှန်းသိတယ်။
ကျွန်တော် ကအရမ်းမိန်းမဆန်နေလို့။
်ငယ်ငယ်တည်းက ကျွန်တော့်အခွက်ကြောင့် ယောက်ျားလေးတွေရော မိန်းကလေးတွေရော မုန်းတာခံရတယ်။
ဒါပေမဲ့ ကျွန်တော့်ကို ကြိုက်တယ် လာပြောတဲ့ယောက်ျားလေးတွေလဲအများကြီးပါ။

သေချာပေါက်ငြင်းလွှတ်တာပေါ့။
ကျွန်တော် ကအဖြောင့်လေ။
တကယ်လို့မိန်းခလေးတစ်ယောက်လောက်ကသာ ကြိုက်တယ် လာပြောရင်စဉ်းစားပေးမှာပါ။
ခက်တာက တစ်ယောက်မှ လာမပြောကြဘူး။

ကျွန်တော် စိတ်မဆိုးပါဘူး။
လုံးဝမဆိုးပါဘူး။

ကျွန်တော်ခံစားမိတာ ကျွန်တော့် ကိုလာကြိုက်တဲ့သူတွေက ဂေးအစစ်တွေမဟုတ်ဘူးလားလို့။
ဘာလို့လဲဆိုတော့ ဂေး အစစ်တွေက ကျွန်တော့်လိုလူကိုကြိုက်မဲ့အစား သူတို့လို ထောင်ထောင်မောင်းမောင်း နဲ့ခပ်ကြမ်းကြမ်းပုံစံနဲ့ သူတွေကိုပဲကြိုက်မယ်ထင်တယ်။

ဖြောင့်လွန်းလို့ခက် 《​ဖြောင့်လွန်းလို့ခက်》 < 2 Ver>Where stories live. Discover now