အစားအသောက်

8.4K 909 16
                                    

[Zawgyi Version]


"များလှချည်လား ..
မင်းကုန်ပါ့မလား"









"ဟိတ် ငါ့ဆံပင်ကိုမထိနဲ့ ..




[Unicode Version]

လုနင် ဗန်းလေးယူလာပြီးထိုင်လိုက်တော့ကျွန်တော်နည်းနည်းလန့်သွားတယ်။
သူ့ဗန်းထဲက အစားအသောက်တွေက ကျွန်တော့်ထက်များနေတယ်။

"များလှချည်လား
မင်းကုန်ပါ့မလား"

"ငါက ထွားနေတုန်းလေ ဒီလောက်တော့စားပေးရမယ်"

လုနင် ရှက်ရှက်နဲ့ဖြေတယ်။

ကျွန်တော်သူ့ကိုသေချာကြည့်ပြီးပြောလိုက်တယ်။

"ဟုတ်ပါရဲ့ မင်းကထွားနေတုန်းမို့များများစားသင့်တယ်"

နာရီဝက်လောက်ကြာတော့ လုနင် ကသူတကယ်စားနိုင်တယ်ဆိုတာသက်သေပြလိုက်တယ်။
ကျွန်တော်နောက်မှထပ်သိလိုက်ရတာက သူပုံမှန်စားနေကျနဲ့ယှဉ်ရင်အဲ့ဒီနေ့ကသူစားတာတော်တော်လေးနည်းတယ်လို့ဆိုရမယ်။

အစားတွေကုန်တော့ ကျွန်တော် မအောင့်နိုင်တော့ဘဲသူ့ကိုမေးလိုက်တယ်။

"မင်းအဲ့လောက်အများကြီးစားပြီး ဝလည်းဝမလာဘူး အရပ် လည်းထွက်မလာဘူး ..
မင်းစားလိုက်တာတွေဘယ်ရောက်သွားလဲ"

ကျွန်တော့်ကိုယ်ကျွန်တော်မသိလိုက်ခင်မှာပဲ ကျွန်တော့်လက်ကသူ့ရဲ့နုနုညံ့ညံ့ဆံသားတွေပေါ်ရောက်ပြီးလှုပ်ရုံလေးဖွလိုက်မိတယ်။
့သူ့ဆံသားလေးက ကျွန်တော်ထင်ထားတာထက်ပိုတောင်ကောင်းနေသေးတယ်။

"ဟတ် ငါ့ဆံပင်ကိုမထိနဲ႔
မင်းအဲ့လိုပွတ်နေရင် ငါ့ အရပ်ထွက်လာတော့မှာမဟုတ်ဘူး
ငါ့အရပ်ထပ်ထွက်မလာရင်တော့ မင်းတာဝန်ယူရမယ်"

လုနင်က ကျွန်တော့် လက်အောက်မှာဒေါသတကြီးနဲ့ကြောင်လေးလို ရုန်းကန်နေတယ်။

ကျွန်တော် လုနင် စကားနားထောင်ပြီး စိတ်ထဲကကြိတ်ရယ်ရင်းပြောမိတယ်။

"အဲ့ဒါ ဆိုလည်း ငါမင်းကိုတာဝန်ယူပါ့မယ်"

ဖြောင့်လွန်းလို့ခက် 《​ဖြောင့်လွန်းလို့ခက်》 < 2 Ver>Where stories live. Discover now