အပိုင်း - ၁👬

20.5K 703 36
                                    

Unicode👬

အားလုံးသိတဲ့အတိုင်းပဲ  ကျွန်​တော့်နာမည်က​တော့ထူး​အောင်ပါ  ။ ထူးအောင်ဆိုလို့အထင်မကြီးလိုက်ကြနဲ့နော်  ။ရုပ်ရှင်ထဲကမင်းသားထူးအောင်မဟုတ်ဘူး  ။
အားလုံးထက်ထူးအောင်လို့ကျွန်​တော့်အဘိုးကမှည့်ပေးထားတာပါဗျ ။ ရယ်ရတယ်နော်  ။  တကယ်လည်းထူးပါတယ်  ။ အားလုံးထဲမှာကျွန်တော်တစ်ယောက်တည်းပုနေတာာလေ  ။  ခန္ဓာကိုယ်ကလည်း​သေး​သေး​လေးရယ်  ။  ကျွန်​တော့်မှာသူငယ်ချင်းနှစ်​ယောက်ရှိတယ်  ။  မိုး​ကောင်းကင်နဲ့မင်းသူရိန်တဲ့  ။  သူတို့ကကျွန်​တော့်ထက်အရပ်လည်းရှည်တယ်  ။  အ​ဆောင်မှာလည်း​နေလို့ရတယ်  ။  ကျွန်​တော်ကအ​ဆောင်​နေချင်တာကိုအိမ်ကမိဘ​တွေကခွင့်မပြုကြဘူး  ။  အခုလိုသူများထက်ထူး​နေတာအဖိုးရဲ့​ကျေးဇူး​တွေ  ။  တကယ်ကိုထူးထူးခြားခြားလေးပါပဲ  ။ဒီထက်ထူးခြားတာရှိ​သေးတယ်  ။  ကျွန်​​တော်က​နောက်ဆုံးနှစ်အစ်ကိုတစ်​ယောက်ကိုသ​ဘောကျ​မိ​နေတာ  ။  နာမည်စီး​နေတာပဲဖြစ်ရမယ်  ။  ကျွန်​တော့်ဘဝမှာသူများနဲ့မတူ  ထူးခြားတာ​တွေပဲရတယ်  ။  အဖိုးကိုဒီက​နေကန်​တော့လိုက်ပါတယ်​နော်  ။  မှတ်ထား​နော်  ကျွန်​တော့်နာမည်ကထူး​အောင် သူများထက်တကယ်ထူးတယ်ဗျ  ......  ။

"ဟိုကာလနဂါးသား​လေး မထ​သေးဘူးလား"

​ဟော  ဒါကမားသားကြီးရဲ့အသံ  ။  မာသားကြီးကအ​ဖေ့ကိုသွယ်ဝိုက်တဲ့နည်းနဲ့​ပြောလိုက်တာ  ။  ကျွန်​တော်ကအလယ်က​မြေစာပင်​လေး​ပေါ့ဗျာ  ။ 

"ကိုယ်ထပါပြီကွာ  ၊  ကာလနဂါးလို့​တော့မ​ပြောပါနဲ့"

ဒါကအ​ဖေ့ကိုနှိုးတဲ့နည်းလမ်းဗျာ့  ။  အ​ဖေက​တော့နိုးသွားပြီ  ။  ကျွန်​တော့်ကိုမနှိုး​သေးဘူး  ။  မသိမသာ​လေးဆက်မှိန်း​နေလိုက်ဦးမယ်  ။

"ဟဲ့ နင်မထ​သေးဘူးလား  ၊  အ​ဖေကတစ်မျိုးသားကတစ်မျိုး  ၊  နင်ငါတို့မရှိရင်ပိုလွတ်လပ်​နေမှာ​ပေါ့"

"အား အ​မေ့ ဘာလို့ကန်ချတာလဲ"

မားသားရဲ့ နှိုးနည်းက​တော့နည်းနည်းကြမ်းတယ်  ။  ​​ခြေ​ထောက်နဲ့ကုတင်​ပေါ်ကကန်ချတာ  ။  လူကျမကျဘူး  ​ခွေးကျကျတာ  ။  ​တော်​တော်နာတယ်  ။  မားသားတို့မြန်မြန်ပြန်တာပဲ​ကောင်းတယ်  ။

သူနဲ့ကျွန်​တော်(Season - 2)Where stories live. Discover now