အပိုင်း - ၇👬

4.9K 421 13
                                    

Unicode👬

ထူး​အောင်ကိုအမြဲတမ်းကန်တင်းမှာပဲ​တွေ့​နေရတာစိတ်ထဲတွင်အဆင်မ​ပြေလှ ။ ​တွေ့လိုက်တိုင်းမြင်လိုက်တိုင်းလည်း​ကောင်မ​လေး
​တွေနဲ့ပူးပူးကပ်ကပ်​ ။ ဒါမျိုးမြင်​နေရတာအမြင်မ​တော်ဘူးလို့သူ့
စိတ်ထဲတွင်ထင်​နေသည် ။

"ထူး​အောင် ​!"

သူ့ကို​ကျောခိုင်းထိုင်​နေတဲ့ထူး​အောင်ဆီကိုသူ​လျှောက်သွားလိုက်သည် ။ ဒီ​ကောင်​လေးကိုဒီ​နေရာက​နေသူဆွဲထုတ်လာချင်​ပေမဲ့လို့
ဒီလက်က​လေးဆွဲဖို့ကိုသူတွန့်ဆုတ်​နေသည် ။

"မင်းအတန်းမတက်ဘူးလား"

"ဒါကBreak Time​လေအစ်ကို ၊ ဘယ်သူမှအတန်းမတက်ကြပါ
ဘူး"

​ဘေးနားက​ကောင်မ​လေး​တွေပြုံးစိစိဖြစ်ကုန်ကြပြီ ။ သူ​ဒေါသက
လည်းထွက်တယ် ။ ​ကောင်မ​လေး​တွေ​ရှေ့မှာဆို​တော့ရှက်လည်း
ရှက်တယ် ။ သူဘာမှဆက်မ​ပြော​တော့ဘဲသူ့​နေရာကိုပဲသူပြန်လာ
လိုက်တယ် ။ အမှန်​တော့သူဘာဆက်​ပြောရမှန်းမသိ​တော့လို့လှည့်
ထွက်လာခဲ့ခြင်း ။

"ဟဲ့ ငါတို့အဖွဲ့ထဲမှာ​လေ အမှန်အတိုင်းဝန်မခံတတ်တဲ့သူရှိ​နေပြီ​ဟေ့"

ယမင်းကဟိုလိုလိုဒီလိုလိုနဲ့စည်သူ့ကိုကြည့်ပြီး​ထေ့​ငေါ့​ပြော​တော့
သည် ။ စည်သူက​တော့ယမင်း​ပြောသည့်စကားကိုနားဝင်ပုံမရ ။
အ​အေးခွက်ထဲက​ရေခဲတုံး​တွေကိုသာပိုက်နဲ့ထိုးချရင်းမျက်​မှောင်ကျုံ့
​နေသည် ။ ​ကောင်​လေးက​တော့​ကောင်မ​လေး​တွေနဲ့အတူတူရယ်
​မောရင်းစား​သောက်​နေသည် ။

"မာမီ သားမာမီတို့ဆီလာချင်တယ်"

မာမီနဲ့ဖုန်း​ပြောရင်းကုတင်​ပေါ်သို့ပက်လက်လှန်လှဲချလိုက်သည် ။

"မာမီကလည်း သားပျင်းတယ် ၊ လာပါရ​စေ ​နော်"

"​မျောက်​လောင်းရယ် ငါတို့​တွေအလုပ်ရှုပ်​နေတယ် ၊ မာမီတို့အားရင်သားကိုလာ​ခေါ်မယ်​လေ ​နော် ၊ မာမီ့​မျောက်က​လေးကလိမ္မာတယ်​လေ ​နော်"

"မာမီတို့က​ပြောလိုက်ရင်အဲ့လိုပဲ ၊ အာ့ဆိုမုန့်ဖိုး​ပေးဦး"

သူနဲ့ကျွန်​တော်(Season - 2)Where stories live. Discover now