အပိုင်း - ၅👬

4.6K 416 14
                                    

Unicode👬

မန္တ​လေးကဟိုတယ်တစ်ခုမှာတည်းခိုဖို့အတွက်ကြိုချိတ်ထားပြီးသား။
ဒီ​နေမ​ကောင်း​နေတဲ့​ကောင်​လေး​ကြောင့် တစ်​ယောက်တည်းသီးသီး
သန့်သန့်​နေတတ်တဲ့သူက ဒီ​ကောင်​လေးကို​ခေါ်ထားရ​တော့မယ် ။
ဒီ​လောက်မူးတတ်ရင်လည်းအစကတည်းကမလိုက်နဲ့​ပေါ့ ။ အခု​တော့ သူ့မှာအဖွဲ့​ခေါင်း​ဆောင်ဆို​တော့ ဒီ​ကောင်​လေး​ကြောင့်သူ​ခေါင်းပူ​နေရပြီ ။

"ဒီမှာအိပ်​နေခဲ့​နော် ၊ ငါပြန်လာခဲ့မယ်"

"ဟုတ်"

ကုတင်​ပေါ်မှာ​ကောင်​လေးကိုအိပ်ခိုင်းထားခဲ့ပြီး သူအပြင်ပြန်ထွက်သွားသည် ။ တံခါးပိတ်လိုက်သံ​ချောက်ခနဲကြားတာနဲ့အိပ်ရာ​ပေါ်မှာ
​ကွေး​နေတဲ့​ကောင်​လေး ဆက်ခနဲငုတ်တုပ်ထထိုင်​တော့သည် ။

​ယေး ငါ့အကြံ​အောင်မြင်တယ် ။ အစ်ကိုနဲ့တစ်ခန်းတည်း​နေရပြီ ။
အစကတည်းကအမူး​ပျောက်တာကြာပြီ ။ အခု​ရေချိုးလိုက်ဦးမယ် ။
ပြီးမှအိပ်​တော့မယ် ။

​ရေချိုးခန်းထဲ​ပြေးဝင်လိုက်သည် ။ ဝါး အမိုက်စားကြီး ။ အစ်ကိုကတကယ်ချမ်းသာတယ်ထင်တယ် ။ ငါချိုးချင်တဲ့​bath tube
လည်းပါတယ် ။ ဝါး တကယ့်ကိုအမိုက်စားကြီး ။ အစ်ကိုကတကယ်အရမ်းချမ်းသာ​နေရင် ကျွန်​တော့်ကိုဘယ်လိုထင်သွားမလဲ ။
ပိုက်ဆံရှိလို့ကပ်တယ်လို့ထင်သွားမလား ။ အဲ့လိုထင်သွားရင်ဘယ်လိုလုပ်မလဲ ။ ကျွန်​တော်ကအဲ့လိုလူစားမျိုးမဟုတ်ဘူးဆိုတာ
အစ်ကိုသိမှာပါ ။ ဟုတ်တယ် အစ်ကိုသိပါတယ် ။

"ထူး​အောင်! ထူး​အောင်!"

ဟင် အစ်ကိုပြန်လာပြီလား ။

"ဗျာ"

သူ့မှာ​တော့အိပ်ရာ​ပေါ်မှာမ​တွေ့​တော့လို့​ခေါင်းမီး​တောက်သွားရ​ပေမဲ့
​ကောင်​လေးက​ခေါင်းစုတ်ဖွားနဲ့​ရေချိုးခန်းထဲက​ပြေးထွက်လာသည်။

"အစ်ကို ဟီးဟီး"

"မင်းငြိမ်ငြိမ်​လေးမ​နေနိုင်ဘူးလား ၊ ငါ့ကိုဒုက္ခ​ပေး​နေတာလား ၊
​ပျော်လား ငါဒီလိုဖြစ်​နေတာမြင်​တော့​ပျော်လား"

သူနဲ့ကျွန်​တော်(Season - 2)Where stories live. Discover now