အပိုင်း - ၁၃👬

3K 349 29
                                    

Unicode👬

မေမေသတိလစ်လဲကျသွားလို့ မိသားစုဆရာဝန်ဖြစ်တဲ့ ဦးကျော်ဆွေကိုခေါ်လိုက်ရသည် ။ ဒေါက်တာမအားလို့ သမီး ဖြစ်သူ သူသူဆွေရောက်လာသည် ။

"ကဲ အန်တီသွေးတိုးအောင်မင်းဘာတွေလုပ်လဲ"

"ဟို အဲ့တာကအစ်မရယ် နည်းနည်းပြောရခက်တယ် ၊ ကျွန် တော်ပြောလိုက်ရင်အစ်မပါသွေးတက်သွားမှာစိုးလို့မပြောတော့ဘူး ၊ မေမေ မစိုးရိမ်ရဘူးမလားဟင်"

"မစိုးရိမ်ရပါဘူး ၊ ပုံမှန်ပြန်ဖြစ်သွားပါပြီ ၊ ကဲ ငါသွားမယ် ၊ ဒါနဲ့ ဒီသေးသေးလေးကနင့်ဟာလေးလား"

"ဟုတ်တယ် ၊ ထူးအောင်ပါ"

"တွေ့ရတာဝမ်းသာပါတယ်မမ"

"မောင်လေးတွေဆိုမမကသိပ်ချစ်တာသိလား ၊ အဲ့ကောင်မကောင်းရင်မမဆီလာခဲ့သိလား"

"အစ်မ !!!!"

"အမလေးဟယ် ငါနောက်တာပါဟဲ့ ၊ မိန်းကလေးတွေမမှတ်မိနိုင်လောက်အောင်‌တွဲခဲ့တဲ့စည်သူကအခုတော့ဆက်ဆက်ထိမခံဖြစ်နေပါလား ၊ အန်တီလဲသွားတာ နင်တို့နှစ်ယောက်မရိုးဘူးနော်"

"ရိုး ရိုးပါတယ်အစ်မရဲ့ ၊ ပြန် ပြန် ပြန်တော့လေ"

မေမေ့ကိုလာကြည့်ပေးတဲ့ဒေါက်တာမမကို အတင်းပြန်လွှတ်လိုက်ပါတော့သည် ။ မေမေကတော့ အိပ်ရာထက်မှာ အေးအေးဆေးဆေးအိပ်စက်နေသည် ။ မေမေ့ဘေးနားမှာနှစ်ယောက်စလုံးထိုင်ပြီး ရယ်နေမိသည် ။

"အစ်ကို ဘာရယ်တာလဲ"

"မဟုတ်ပါဘူး ၊ ကိုယ်တို့နှစ်ယောက်အဖြစ်ကိုပြန်တွေးမိလို့ပါ ဟားဟား"

"အစ်ကိုကလည်းဗျာ ဟားဟား တကယ်ပဲ ......"

"မင်းလည်းရယ်ချင်နေတာပဲကို......"

"ဟုတ်တယ် ဟားဟား ......"

မေမေအိပ်ပျော်နေတာမို့လို့်‌မနှောက်ယှက်တော့ဘဲ အခန်းထဲမှထွက်လာခဲ့လိုက်ကြသည် ။ သူတို့အခန်းထဲရောက်တာနဲ့ပိစိလေးကိုနံရံမှာကပ်ပြီး ခုဏကအပြည့်အဝမနမ်းလိုက်ရသည့်အနမ်းကိုပြန်ဆက်လေသည် ။

"အွန့် အစ်ကို ခဏ ......"

"ဘာလို့လဲ"

"ကျွန်တော့်နှုတ်ခမ်းတွေယောင်ကိုင်းတော့မယ် နှာဗူးကြီးရဲ့"

သူနဲ့ကျွန်​တော်(Season - 2)Where stories live. Discover now