အပိုင်း - ၁၆👬

2.8K 318 29
                                    

Unicode👬

ထူးအောင်လေးတစ်ယောက်စာသင်ခန်းထဲမှာတစ်ယောက်တည်းထိုင်စောင့်နေသည် ။ စည်သူကကျူတိုရီရယ်ဖြေစရာနဲ့Term Paperအတွက်လုပ်စရာတွေရှိနေသေးတဲ့အတွက်ကြောင့်ထူးအောင်လေးထိုင်စောင့်နေသည် ။ ပိစိလေးဂိမ်းဆော့ပြီးစောင့်နေစဉ် စည်သူရောက်လာတာမြင်တော့သူပျော်သွားသည် ။

"ပျင်းနေပြီလား ၊ ကိုယ်ပြောပါတယ် အရင်ပြန်နှင့်ပါဆိုတာကို"

"မရပါဘူး အစ်ကိုနဲ့ပဲအတူတူပြန်မှာ ၊ အခုပြီးပြီမလားဟင်"

"မပြီးသေးဘူး ၊ အခုမှမိတ္တူဆွဲပြီးပြန်လာတာ ၊ ပိစိအတွက်မုန့်ဝယ်လာတယ် ၊ အခန်းထဲမှာစောင့်မနေနဲ့တော့ ၊ ကားထဲမှာသာစောင့်နေ ၊ ကားတံခါးကိုသေချာလော့ချထား ၊ ရော့ ကားသော့ ၊ သိပ်တော့ကြာတော့မှာမဟုတ်ပါဘူး"

"အင်းပါ အဲ့တာဆိုကျွန်တော်ကားထဲမှာပဲစောင့်နေတော့မယ်"

"ဟုတ်ပြီ ၊ ပြွတ်စ် သွားတော့ ၊ ကိုယ်ဒီကလှမ်းကြည့်နေမယ်"

အဆောင်ထဲကနေသူ့ကားထားထားသည့်နေရာကိုလှမ်းမြင်နေရတော့ ပိစိလေးကားထဲဝင်သွားတဲ့အထိရပ်ကြည့်နေလိုက်သည် ။ ပိစိလေးကားထဲရောက်သွားပြီဆိုမှသူအပေါ်ထပ်ကိုတက်လာလိုက်သည် ။ ထူးအောင်ကတော့ ကားပေါ်မှာစားစရာသောက်စရာတွေနဲ့ပျော်မွေ့နေတော့သည် ။ စားပြီးသောက်ပြီးတာနဲ့ကားပေါ်မှာတင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပါတော့သည် ။ စည်သူလာတော့ အိပ်ပျော်နေတဲ့ကောင်လေးကိုသူမနှိုးရက် ။ မနက်ပိုင်းအစောကြီးကျူတိုရီရယ်ရှိလို့ဆိုပြီးသူနဲ့အတူတူလိုက်လာတော့မနက်စောစောထထားရတော့အိပ်ချင်နေရှာမှာပေါ့ ။ ‌သူ့အတွက်နဲ့အတန်းချိန်မရှိဘဲလိုက်လာခဲ့တဲ့ကောင်လေးအခုအိပ်ပျော်နေတာကိုသူမနှိုးတော့ဘဲ ကားဘေးမှာသာကားကိုမှီပြီးဖုန်းသုံးရင်းရပ်စောင့်နေလိုက်တော့သည် ။

"ဝှါးးးးးအိပ်လို့ကောင်းလိုက်တာ ၊ အမေ့ !"

မျက်လုံးဖွင့်လိုက်တော့ကားအ‌ရှေ့အဖုံးပေါ်မှာထိုင်နေသည့်စည်သူ့ကိုမြင်တော့လန့်သွားသည် ။ အချိန်ကြည့်လိုက်တော့ငါးနာရီထိုးတော့မည် ။ ဆောင်းရာသီမို့လို့မှောင်ရီစပျိုးနေပြီဖြစ်ပါသည်။

သူနဲ့ကျွန်​တော်(Season - 2)Where stories live. Discover now