အပိုင်း - ၁၈(ဇာတ်သိမ်းပိုင်း)

5.4K 364 36
                                    

Unicode

ထူးအောင်တစ်ယောက် စည်သူ၏ရုံးခန်းတွင် အတင်းလိုက်ရှုပ်နေသည်။ကျောင်းကိုအမြဲလာနေကျစည်သူကဒီနေ့တော့အစည်းအဝေးတစ်ခုရှိနေလို့မလာနိုင်ခဲ့။ချစ်သူများနေ့လည်းဖြစ်နေတော့ထူးအောင်လေးကစည်သူ့အနောက်ကိုလိုက်လာသည်။

"ကိုကို ထူးထူးလေးကိုဘာပေးမှာလဲ"

သာမန်အတိုင်းပြောရင်စည်သူလက်ခံနိုင်ပေမဲ့ ထူးထူးလေးလို့ပြောတာကိုစည်သူလုံးဝမကြိုက်။သို့ပေမဲ့လည်းထူးအောင်ပျော်နေ‌တော့သူမကြိုက်တာတွေဘာတွေလည်းပြောမနေတော့ပါဘူး။

"ဘာမှမပေးဘူး"

ထူးအောင် နည်းနည်းနင်သွားသည်။

"ကျွန်တော်ကတော့ အစ်ကို့အတွက်ဝယ်ထားတယ်"

"ဘာတွေဝယ်ထားပြန်ပြီလဲ လျှာကိုရှည်တယ်"

"အစ်ကိုကလည်းဗျာ အဲ့လိုကြီးတော့မပြောပါနဲ့ ကျွန်တော်ကလက်ဆောင်ပေးချင်လို့ပါ"

"ပေး ဘာပေးမှာလဲ"

"ဟပ်ချလောင်း အကို့အတွက် ပိုက်ဆံအိတ်လေး ၊ အစ်ကို့ပိုက်ဆံအိတ်က ဟောင်းနေပြီလေ ၊ အဲ့တာကြောင့် လက်ဆောင်ပေးတာ"

"ကျေးဇူးပါဗျာ"

"အစ်ကိုကကျွန်တော့်ကိုမချစ်တော့ဘူးလားဟင်"

အနောက်ကနေသိုင်းဖက်ထားတဲ့ထူးအောင်ကို အရှေ့ကိုဆွဲခေါ်လိုက်ပြီး စားပွဲပေါ်ပွေ့တင်လိုက်သည်။

"ချစ်တာပေါ့ ဘာလို့မချစ်ရမှာလဲ"

"မသိဘူးလေ အခုတစ်လော အစ်ကိုကအေးတိအေးစက်နဲ့"

"ကိုယ်အလုပ်တွေနည်းနည်းရှုပ်နေလို့ပါ မင်းလေးကိုချစ်တာပေါ့ ......အခု ကိုယ်ပေးရမယ့်အလှည့်ပေါ့နော်"

"ဟာ အစ်ကိုခုဏကပြောတော့ မပေးဘူးဆို"

"မပေးစရာလား ကိုယ့်မှာပေးစရာဒီတစ်ယောက်ပဲရှိတာကို ၊ ရော့ ဖွင့်ကြည့်"

"ဟီးဟီးဘာလေးလဲ"

ပေါက်စလေးအနက်ရောင်ဘူးလေးကိုဖွင့်ကြည့်လိုက်သည့်အခါ အံ့သြလွန်းလို့ပါးစပ်ပိတ်ဖို့ပင်မေ့နေမိသည်။

သူနဲ့ကျွန်​တော်(Season - 2)Where stories live. Discover now