4

2.1K 191 42
                                    

Unicode

"Hyungသွားမယ်လေ။"

အိမ်ကပါမစ်ပေးထားတာမို့ ကိုယ်တိုင်ကားမောင်းခွင့်ရတဲ့ အငယ်လေးဟာ သိပ်ကိုတက်ကြွနေသည်။ ခုလည်းကားနဲ့ကျောင်းသွားဖို့ ဂျောင်ဆူးကိုခေါ်နေသည်။ ပြသာနာကဂျောင်ဆူးပင် ။ ချန်ယောလ်ကဒီ‌နေ့ကျောင်းတူတူသွားဖို့ သူ့ကိုလာခေါ်မယ်လို့ပြောထားပြီးသား။ ငယ်လေးကလည်း ပထမဆုံးတရား၀င်ကားမောင်းခွင့်ရလို့ သူ့ကိုဘေးနားကလိုက်စီးစေချင်သည်။ မလိုက်ရင်ကလေးမဟုတ် သူငယ်မဟုတ် ကောက်ဦးမည်။

"Hyungလာလေ ဘာကြောင်နေတာလဲ။"

တွန့်ဆုတ်တွန့်ဆုတ်လုပ်နေသော ဂျောင်ဆူးကိုဆယ်ဟွန်းက လက်ဆွဲခေါ်ပြီး ကားပေါ်တက်စေသည်။

မတက်နိုင်ဘူး ချန်ယောလ်ကို နောက်မှတောင်းပန်တော့မည်။

တွေးနေရင်းတန်းလန်းဖုန်း၀င်လာတာကြောင့် ကြည့်လိုက်တော့ ထင်သည့်အတိုင်း ချန်ယောလ်။

"Hello"

တစ်ဖက်ကထွက်လာတဲ့ ခပ်ဩဩအသံက တက်ကြွနေသည်။

"အင်း ချန်ယောလ်"

"ကိုယ်အခု ကလေးတို့အိမ်ရှေ့ရောက်နေပြီနော်။ ထွက်ခဲ့တော့"

"အာ…အဲ့ဒါကလေ။ ငါအခုပဲ ဖုန်းဆက်မလို့။ ဟိုလေ ငါသွားနှင့်ပြီ။"

မျော်လင့်ချက်အပြည့်နဲ့ ချန်ယောလ်လေးစိတ်ဓာတ်ကျသွားသည်။ သူ့မှာဂျောင်ဆူးနဲ့သွားတွေ့ရင် စီးရအောင် အိမ်ကိုဆန္ဒ‌ပြပြီး ကားအသစ်တောင် လဲခိုင်းထားတာ။ ခုတော့
ထောင်နေတဲ့ဟာလေးတောင် ညှိူးသွားသလို။ တစ်မျိုးမထင်နဲ့ မေမေစိုက်ထားတဲ့ ပန်းခင်းထဲက ခိုးခူးလာတဲ့ဂျောင်ဆူးအတွက် ရိုးတံထောင်မတ်မတ် နှင်းဆီပန်းကိုပြောတာ။

"ကိုယ်လာခေါ်မယ်လို့ပြောထားတယ်လေ ကလေးကလည်း။"

"ဟို အဲ့ဒါက ဆယ်ဟွန်းက သူနဲ့လိုက်ခဲ့ဖို့ အတင်းခေါ်နေိလို့။"

"ဘယ်သူလဲ အကိုချန်ယောလ်လား။ အကိုချန်ယောလ်ရေ ကျွန်တော်ကားမောင်းဖို့ ပါမစ်ရပြီ။"

ဘုမသိဘမသိဆယ်ဟွန်းလေးက ကားမောင်းရင်း ကလှမ်းအော်လိုက်သည်။ တစ်ဖက်မှာတော့ ဆယ်ဟွန်းကိုအသံတိတ်မေတ္တာပို့လျက်။

About Dear Kyung And Me Hikayelerin yaşadığı yer. Şimdi keşfedin