10

1K 129 11
                                    

ZawGyi

(ဒီအပိုင်းကိုမဖတ်ခင် EXO SCရဲ့Telephoneလေးနားထောင်ဖို့ အိုင်recommendပေးပရစေ။)

အိမ်ပြန်လိုက်ပို့ရင်း ဖုန်းဆက်တဲ့သူအကြောင်း လှည့်ပတ်မေးမယ်စိတ်ကူးထားတဲ့ ချန်ယောလ်အကြံဟာ လာကြိုတဲ့ယောက်ဖလောင်းကြောင့် ပျက်ဆီးသွားရသည်။

"အိမ်ရောက်ရင်ဖုန်းဆက်အုံးနော်။"

ဂျောင်ဆူးကခေါင်းအသာငြိမ့်ပြရင်း ကားထဲဝင်သွားသည်။

ဆယ်ဟွန်းကတော့ သူ့ကိုတစ်ရက်အိမ်လာပြီး ဂိမ်းဆော့ဖို့ချိန်းသွားသေးသည်။

ယောက်ဖလောင်းဆယ်ဟွန်းနဲ့ ချန်ယောလ်ဆက်ဆံရေးက ဆယ်ဟွန်းနဲ့ဂျောင်ဆူးဆက်ဆံရေးထက်ပင် သာ၍ကောင်းသေးသည်။

အမြဲသတ်နေတဲ့အစ်ကိုထက် သူ့ကိုအလိုလိုက်အကြိုက်ဆောင်တက်သော ချန်ယောလ်ကို ဆယ်ဟွန်းကသူ့အကိုအရင်းလိုပင်သဘောထားသည်။

ချန်ယောလ်ရေချိုးပြီးထွက်လာတော့ ဖုန်းကလင်းနေ‌တာကြောင့် ကြည့်လိုက်တော့ ဂျောင်ဆူးဆီစာ‌ရောက်‌နေသည်။ အိမ်ရောက်ပြီဖြစ်ကြောင်း အိပ်တော့မည်ဖြစ်ကြောင်း အတိုချုံးပို့ထားပြီး စာကြောင်းအဆုံးအသဲပုံemoji
လေးကသူ့နှလုံးသားကိုတိုက်ရိုက်နွေးထွေးစေသည်။

မနက်ဖြန်တွေ့မှ အတိုးနဲ့ပေါင်းပြီး နမ်းရမည်ဟု‌တွေးကာမှ weekendမှန်းသတိရတော့သည်။ weekendတွေကိုချန်ယောလ်အမှန်ပင် မုန်းသည်။

"ဟယ်လို"

တစ်ဘက်ကအိပ်ချင်မူးတူးအသံဟာ လေလှိုင်းကြားမှတဆင့်နှလုံးသားဆီတိုက်ရိုက်ရောက်လာသည်။

"ကလေးမထသေးဘူးလား ကိုကိုတောင်မနက်စာစားပြီးပြီ။"

"အင်း ချန်ယောလ်လား ငါပြန်အိပ်လိုက်အုံးမယ်။ ညကအိပ်တာနောက်ကျလို့"

တစ်ဘက်က‌အိပ်ရေးမ၀တာသိသာစွာ လေးတိလေးကန်နဲ့ပြောရင်း ဖုန်းချသွားသည်။

ဂျောင်ဆူးအိပ်ရာနိုးတော့ အတော်ပင်‌နေမြင့်နေသည်။ ညကဖုန်း‌‌ပြောတာ အတော်ပင်ညဉ့်နက်သွားသည်။ တစ်ချက်နှစ်ချက်အကြောဆန့်ရင်းနဲ့မှ ချိန်းထားတာသတိရတာကြောင့် အိပ်ရာထဲက ဒုန်းပျံအလျင်နဲ့ထွက်ပြီး ပြင်ဆင်ရတော့သည်။

About Dear Kyung And Me Where stories live. Discover now