(7)

25.9K 2.9K 188
                                    

တကယ့် လက်တွေ့မှာတော့ ရှောင်းကျန့် ဘာရွေးချယ်မှု မှ မလုပ်လိုက်ရဘဲ အခြားကုမ္ပဏီက  ရုံးဆင်းလာသူများနဲ့ ရောပြီး နှစ်ကောင်သား ဓာတ်လှေကားထဲ ဖရိုဖရဲ ရောက်သွားတယ်

ဓာတ်လှေကားထဲ ကထွက်တော့ ရောက်သွားတာက ကားပါကင်ထဲ ဝမ်ရိပေါ်က အနားကပ်လာပြီး ရှောင်းကျန့်ကို တစ်ခုခု မေးဖို့ ကြံတုန်းပဲ ဘယ်ကလူတွေမှန်း မသိတဲ့ဟာတွေက ကားနက်ကြီး တစ်စီးပေါ်က ဆင်းလာတယ် အမယ် အဲ့လူတွေရဲ့ အလယ်မှာ အဖိုးကြီး တစ်ယောက်လည်း ပါရဲ့

"ပါး!!!!"

"သြော် မင်း ငါ့ကို အဖေမှန်းတော့ သိသေးတယ်ပေါ့'

'ပါးက ဒီကို ဘယ်လို…'

'မင်းမလာတော့ ငါလာရတာပေါ့ '

'ပါး ကျွန်တော်…'

'အဲ့ ရှောင်းအိမ်နဲ့ မင်းနဲ့ ဘယ်လို သက်ဆိုင်နေလဲ ငါသိချင်တယ်'

'……'

'တကယ်ပဲ မင်း ရိဖေးဆိုတဲ့ မိန်းမ နဲ့ မင်းယူလိုက်တာလား မင်းငယ်ငယ်လေးတုန်းက သဘောကျခဲ့တဲ့ … '

'ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ရိဖေးကို ကျွန်တော် ငယ်ငယ်လေးတုန်းကတည်းက သဘောကျနေတာ အဲ့တာကြောင့် ကျွန်တော်ယူတာ အဲ့တာကြောင့် ကျွန်တော် သူ့ အကြွေးတွေ ဆပ်နေတာ ခုက ပြော ဘာကိစ္စရှိလို့လဲ အထွေအထူး မရှိဘဲ ကျွန်တော့်ဆီ ဂရုစိုက်ပြီး တွေ့ချင်လို့ သားကို ချစ်လွန်းအား ကြီးလို့ ဆိုတဲ့ လူစားထဲ ပါး မပါဘူး ဒါအကုန်သူ သိတယ် အဲ့တော့ မြန်မြန်ပြော ကျွန်တော့်မှာ အချိန်မရှိဘူး ဘာကိုမကျေနပ်လို့ လိုက်လာတာလဲဆိုတာ မြန်မြန်ပြောပြီး မြန်မြန်ပြန်'

အားပါးပါး !!.တရစပ် မရပ်မနား ပြောသွားတာ ရေခဲတုံး ဝမ် တဲ့လား အဖေဆိုလား ဘာလား မသိတဲ့ ခပ်လန်းလန်း အဖိုးကြီး တစ်ယောက်ရဲ့ စကားတောင် ပြီးအောင် မစောင့်နိုင်ဘဲ rap စာသားတွေ ရွတ်သလို မြန်မြန်ပြောချသွားတာ ဝမ်ရိပေါ်တဲ့လား ဘာတဲ့ မား ကို သူငယ်ငယ်လေးတည်းက သဘောကျနေတာ ဆိုပဲ

သူတို့ နှစ်ယောက် စကားပြောတဲ့ အချိန် ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ နောက်မှာ ရှောင်းကျန့် နောက်မှာကတော့ နံရံ ပဲ ရှိတယ် ပုံမှန်ဆို ဝမ်ရိပေါ်က လန်ဘားရှောင်းကျန့် ထက် အရပ်ပုပေမယ့် ခု စီးလာတဲ့ ဖိနပ်ရဲ့ ဒေါက်က မြင့်နေလို့ ထင်တယ် ဝမ်ရိပေါ် က ရှောင်းကျန့် ထက် အရပ်ပိုရှည်နေသယောင်ယောင်

Call me Daddy (completed)Where stories live. Discover now