(14)

22.8K 2.7K 132
                                    

ရိပေါ် တရေးနိုးတော့ ညနေတောင် အတော်စောင်းပြီ သူ့ကိုယ်သင်းနံ့လေး သင်းနေတဲ့ ခေါင်းအုံးကို နောက်တစ်ခေါက် တရှိုက်မက်မက် နမ်းရှိုက်လိုက်တော့မှ အိပ်ရေးဝသွားသလိုပင်

ခါတိုင်း မနက် အိပ်ရာထချိန်တွေတိုင်းလည်း  ရိပေါ် အရင်နိုးနေတတ်ပေမယ့် ဘေးနားက အိပ်နေတဲ့ ရှောင်းကျန့်ကို တစိမ့်စိမ့် ကြည့် တဝကြီး နမ်းရှိုက်တတ်တာ အကျင့်တောင် ဖြစ်နေပြီ နမ်းတာကြမ်းသွားလို့ ရှောင်းပိန်းပိန်းတစ်ယောက် နိုးသွားတဲ့ ဟန်ပေါ်မှ မသိမသာလေး အိပ်ချင်ယောင်ဆောင်ရတာမျိုးက ရိပေါ် တော်တော်တောင် ကျွမ်းကျင်နေတဲ့ ကိစ္စ

အိပ်ရင်လည်း ရိပေါ် သူ့နဖူးလေး ဖွဖွနမ်းပြီးမှ အိပ်တာ သေချာတာက ဒါတွေကို ရှောင်းပိန်းပိန်း သိမှာ မဟုတ်ပါဘူးလေ သိရင်လည်း ရိပေါ့်ကို ဒီလိုမျိုး အနားမှာ ဆက်ရှိခိုင်းမယ် မထင် ဘယ်လိုတော်စပ်မှု မျိုးပဲ ဖြစ်ဖြစ် ရိပေါ့်လို လူအတွက် သူ့အနား ဒီအတိုင်းလေး ရှိနေရတာပဲ မဟာ ကံကောင်းမှုကြီး ဖြစ်နေပြီ

ခုလည်း မျက်နှာပေါ်တင်ပြီး အုပ်ထားတဲ့ သူ့ခေါင်းအုံးကို သူ့နေရာ သူပြန်ချ စောင်တွေ ဘာတွေ ပြန်ခေါက် အိပ်ရာ သပ်သပ်ရပ်ရပ် ပြန်သိမ်းဖို့ ပြင်တော့ အိပ်ရာခင်း တစ်နေရာမှာ စာရွက်တစ်ခုလိုမျိုး တွေ့လိုက်ရတယ်

အံ့သြပြီး  သေချာကြည့်မိတော့ စာရွက်မဟုတ်ဘဲ  ဓာတ်ပုံလေး တစ်ပုံ။ ကြည့်ရတာ နံရံမှာ ကပ်ထားတဲ့ ပုံတွေထဲက တစ်ပုံထင်ပါရဲ့ ဓာတ်ပုံ အနားထောင့်လေးတွေမှာ သုတ်ထားတဲ့ ကော်တွေက ခြောက်နေပြီ

ဓာတ်ပုံလေးကိုလည်း ရိပေါ် ကောင်းကောင်း သိပါရဲ့ မိဘနှစ်ပါးရဲ့ အလယ်မှာ ပျော်ရွှင်နေတဲ့ သူ့ ငယ်ဘဝကို မြင်ရတော့ အပြစ်မကင်းစိတ်လေးက စနိုးစနောင့်ရယ် ။
ချစ်ရသူရယ်…ရင်နှင့်အမျှ တောင်းပန်ရပါတယ်
ရေစက်ဆိုးတွေ ကံကြမ္မာဆိုးတွေအကြောင်း တသက်လုံး မင်းပြန်မသိစေဖို့ ကိုယ်ဆုတောင်းချင်တယ် ။
…………………………………

valentine တစ်နေ့တည်းနဲ့ လက်စွပ်ဖိုးတွေရော ကိတ်တွေဘာတွေရောနဲ့ ကုန်ကျစရိတ်က မနည်းမနော အရင်လိုသာဆိုရင် ဒီငွေက ရိပေါ် တစ်ညတာ အပို ဖြုန်းတာလောက်သာ ရှိပေမဲ့ အခုတော့ လက်ထဲပိုက်ဆံက တစ်ပြားမှ ရှိမနေ ချုံချင်းက ပါး အိမ်မှာ ပိုက်ဆံသွားခိုးရင် ကောင်းမလား ကြံစည်ပေမဲ့  ပြန်စရာ လမ်းစရိတ်တောင် လောက်လောက်ငှငှ မရှိ

Call me Daddy (completed)Where stories live. Discover now