(28)

15.2K 1.9K 39
                                    

ရှောင်းကျန့်ရဲ့ မူရင်း ရည်ရွယ်ချက်က ရိပေါ်ကို ဖုန်းလိုက်ပေးရုံပဲ ဒါပေမယ့် မျက်နှာချင်းဆိုင် မြင်နေရတဲ့ ကော်ဖီဆိုင်ထဲ အမျိုးသမီး တစ်ယောက်နဲ့ အတူတွဲဝင်သွားတာကို မြင်ရတော့ ရှောင်းကျန့်ရဲ့ စပ်စုချင်စိတ်တွေက တားမရတော့ဘူး
ရိပေါ်ကို မယုံလို့ လိုက်ချောင်းတာမျိုး မဟုတ်ဘဲ အဲ့ အမျိုးသမီးကို မြင်ဖူးတယ် ထင်လို့ လိုက်ချောင်းမိတာက ရှောင်းကျန့်ရဲ့ မဟာအမှားပဲ သိပ်မကောင်းတဲ့ မှတ်ညာဏ်က ဒီတစ်ခါတော့ အသုံးတည့်သား ဖုန်းထဲမှာ ရှိတဲ့ baidu application မြင်တာနဲ့ ခုရိပေါ်ကို လာရှာတဲ့ အမျိုးသမီးက ဘယ်သူလဲ ဆိုတာ စဉ်းစားရသွားတယ်

ရုပ်ရှင်တွေထဲကလို သူဌေးမ ချန်းယူလီက သူ့သား ရိပေါ်နဲ့ ရှောင်းကျန့်လို အကြွေးထူ ဆင်းရဲသားနဲ့ သဘောမတူဘူး ဘာညာ ဘလာ ဘလာနဲ့ ပြောမယ်မှတ်လို့ ခိုးနားထောင်မိရုံတင် ဒါပေမယ့် ခုတကယ်ကြားလိုက်ရတာတွေက ဘာတွေပါလဲ

ရိပေါ်က ရှောင်းကျန့်ကို ဟိုးအရင်တည်းက သိနေခဲ့တာလား နောက်ပြီး ရိပေါ်က ရှောင်းကျန့် အပေါ်ဘာအမှားတွေများ လုပ်မိခဲ့လို့လဲ ရှောင်းကျန့်က ဘာဖြစ်လို့ တစ်ခုမှ မမှတ်မိ မသိတော့တာလဲ နောက်ပြီး မား မားက ကား အက်စီးဒန့်နဲ့ သေဆုံးခဲ့တာ မဟုတ်ဖူးလား

ဘာတွေမှန်း စဉ်းစားမရတော့လို့ စားပွဲပေါ်မှာ ရှိနေတဲ့ ရေဖန်ခွက်ကို သောက်ဖို့ ယူလိုက်တယ် လက်တွေက ဘာကြောင့်မှန်းမသိ တုန်ယင်နေတာ မို့လို့ ဖန်ခွက်လွတ်ကျပြီး ကွဲရောပဲ ယောင်အအနဲ့ ဘာကြောင့်မှန်းမသိ ဖန်ခွက်ကွဲကို ကောက်ကိုင်ပြီး ဆုပ်ထားမိပြန်ရော ဘာတွေလဲ ရှောင်းကျန့်ရာ စိတ်ထိန်းပါအုံး

ရိပေါ်က ဖန်ခွက်ကွဲသံကြောင့် နောက်ခုံမှာ ထိုင်ပြီး ခိုးနားထောင်နေတဲ့ ရှောင်းကျန့်ကို မြင်သွားတဲ့ပုံ ဒါပေမယ့် ဒါပေမယ့် ဘာတစ်ခွန်းမှ စကားမဆိုဘဲ တစ်ချက်ကြည့်ပြီး ရှောင်းကျန့်ရှိရာ နေရာကို ကျော်ပြီး အပြင်ထွက်သွားတယ်
သေချာတာက ခုအတူနေလာတဲ့ အချိန်တစ်လျှောက် အဲ့အကြည့်မျိုး ရိပေါ့်ဆီက တစ်ခါမှ မရဖူးဘူး တကယ်ကြောက်စရာပဲ ရိပေါ့်အကြည့်တွေက လန့်စရာကောင်းတယ် ရှောင်းကျန့် လန့်လွန့်အားကြီးလို့ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်သွားမှန်း စဉ်းစားမရတော့ဘူး

Call me Daddy (completed)Where stories live. Discover now