(9)

26K 2.9K 273
                                    

အဲ့နောက်ပိုင်းကစ ရှောင်းကျန့်တစ်ယောက် ဝမ်ရိပေါ့်ကို တအားခင်တွယ်တတ်လာတယ် ဦးလေးငယ်နဲ့ အဆက်အသွယ် ပြတ်ပြီးနောက်ပိုင်း ဝမ်ရိပေါ်တစ်ယောက်ပဲ ရှောင်းကျန့်ဘေးနား ရှိနေပေးခဲ့တယ်
…………………

မနက်မိုးလင်းရင် ရှောင်းကျန့်က အသေဖြစ်ညစ်ဖက်ထားတဲ့ ဝမ်ရိပေါ်ရဲ့ ရင်ခွင်ထဲကနေ အတင်းရုန်းထွက်ရတယ် ပြီးတော့ မျက်နှာအရင်မသစ်ဘဲ နှစ်ယောက်စာ တစ်နေ့လုံးအတွက် ပြင်တယ် ရုံးအတွက် ထမင်းဘူး ထည့်သင့်တာထည့် ညနေစာအတွက် သိမ်းသင့်တာသိမ်းနဲ့ အတော်လေးတော့ အလုပ်များသား ဒါပေမဲ့လည်း ပင်ပန်းတယ်လို့တော့ မတွေးမိဘူးလားလို့

ရှောင်းကျန့် အိပ်ရာထဲက ထွက်လာပြီး မကြာခင်ဘဲ ဝမ်ရိပေါ်က နိုးလာတတ်တယ် သူရေတွေဘာတွေ ချိုးပြီးတာနဲ့ ရှောင်းကျန့် မျက်နှာသစ်ဖို့ ရေချိုးဖို့ပါ တစ်ခါတည်း ပြင်ပေးထားတယ် ရုံးသွားရင် ဝတ်ဖို့ ဝတ်စုံကအစ အဆင်သင့်ပြင်ပေးထားတတ်တယ်

ပထမတော့ ဝမ်ရိပေါ်က မနက်အစောကြီးထ ချက်ဖို့ပြုတ်ဖို့ ပြင်သေးတယ် ဒါပေမယ့် ဟင်းအိုးနှစ်လုံးလောက် တူးပြီး ပစ်ရတဲ့အပြင် ရလာတဲ့ဟာတွေကလည်း စားလို့လုံးဝ အဆင်မပြေတာကြောင့် နောက်ပိုင်းမှာတော့ ရှောင်းကျန့်ပဲ ချက်ရေး ပြုတ်ရေး တာဝန်ခံ ဖြစ်လာတော့တယ်

ရှောင်းကျန့်အကုန် ချက်ပြုတ်ပြီးလို့ မျက်နှာသွားသစ်ချိန်မှာ ဝမ်ရိပေါ်က ရှောင်းကျန့် အတွက် မနက်စာအဖြစ် ကော်ဖီနဲ့ မုန့်တစ်ခုခု အဆင်သင့်ပြင်ပြီးသွားပြီ အဲ့ကော်ဖီ အရသာက ရှောင်းကျန့်ရဲ့ ရုံးစားပွဲမှာ ရောက်နေတတ်တဲ့ ကော်ဖီအရသာနဲ့ တစ်ပုံစံတည်းပဲ ကော်ဖီအမျိုးအစား တစ်ခုတည်းကို ဖျော်ထားတာခြင်းကြောင့်လည်း ဖြစ်နိုင်ပေမယ့် ထည့်ဖျော်ထားတဲ့ သကြားခဲ အချိုးအဆက အစ အကုန်တူနေပြန်ရော

နောက်ပြီး အစ်ကို စန်းပေါ် ပို့ခိုင်းထားတာလို့ ရှောင်းကျန့်သိထားခဲ့တဲ့ စားပွဲပေါ်က morning coffee က ဝမ်ရိပေါ်နဲ့ ရုံးကို အတူလာဖြစ်တဲ့ အချိန်ဆို ရှိမနေတတ်ဘူး ဝမ်ရိပေါ်က ရှောင်းကျန့်ထက်အရင် အလုပ်ကို စောစောသွားတဲ့ အချိန်မျိုးမှာတော့ ရှိနေတတ်ပြန်ရော ပထမတော့ ဘေးစားပွဲက လူတွေကို ကော်ဖီအကြောင်း လှမ်းမေးမယ် လုပ်ပေမယ့်  ခဏကြာရင် မကောင်းတဲ့ဦးနှောက်က များလွန်းလှတဲ့ အလုပ်တွေကြောင့် မေ့သွားပြန်ရော

Call me Daddy (completed)Where stories live. Discover now