(12)

23.1K 2.7K 171
                                    

ရှောင်းကျန့် ဆိုင်ရှေ့ကို ရောက်သွားတော့ ဆိုင်က closed ဆိုတဲ့ စာတန်း ချိတ်ဆွဲလျက်သား ရင်ထဲ မှာ စိုးရိမ်စိတ် အလုံးအရင်းနဲ့ ဝမ်ရိပေါ်ကို လိုက်ရှာမိတယ် ရှာလို့မတွေ့ ဖုန်းကလည်း အရှင်း ဆက်လို့မရတော့

မောမောနဲ့ ဆိုင်ရှေ့ထိုင်ချတော့ ဆိုင်ထဲက ကောင်လေး တစ်ယောက်ထွက်လာတယ်

"ဘာကိစ္စရှိလို့လဲ မသိဘူး"

"ဟိုဟာလေ လူတစ်ယောက်လာရှာတာ"

"ဟို အနောက်တိုင်းဝတ်စုံနဲ့ မျက်နှာထား တင်းတင်းနဲ့ တစ်ယောက်ကိုလား"

"ဗျာ ဟုတ် ဟုတ်ကဲ့ တွေ့မိလားဟင်"

"ဟုတ်ကဲ့ သူထိုင်စောင့်နေတာ အကြာကြီးဗျ ပူစီဖောင်းတွေရော ကိတ်မုန့်တွေရော ဝိုင်တွေရော ပြင်ပြီး စောင့်နေတာ ဆိုင်ပိတ်တာတောင် အကြာကြီး ဆိုင်ရှေ့ထိုင်နေသေးတာ ခုတော့ ဘယ်ရောက်သွားလဲ မသိဘူး "

"ဗျာ"

"ပြီးတော့ သီချင်းတစ်ပုဒ်တည်း ထပ်တလဲလဲ ဖွင့်ခိုင်းနေတာ ကြာတော့ အခြားcustomer တွေနဲ့ ရန်တောင် ဖြစ်တော့မလို့"

"သီချင်းက can't help falling in love"
ဒီစကားက တကယ်ကြီး ရှောင်းကျန့် စိတ်ထဲ ပေါ်လာတဲ့အတိုင်း မေးချလိုက်တာ

"အာ ဟုတ်........."

"အားကျန့်!!!!!!"

ပြောလက်စ တန်းလန်းနဲ့ ဆိုင်ထဲက ကောင်လေးက ရှောင်းကျန့် နောက်ကျောဖက်ကို လှည့်ကြည့်ဖို့ မေးငေါ့ပြတယ် ရှောင်းကျန့် လှည့်ကြည့်မိချိန်မတော့ ဝမ်ရိပေါ်က မိုးပျံပူဖောင်းတွေကို လက်တစ်ဖက်က ကိုင်ထားပြီး တစ်ဖက်က ကိတ်မုန့်တွေရော ဝိုင်ပုလင်း တစ်လုံးရယ်ကို ကျွတ်ကျွတ်အိတ် တစ်လုံးထဲထည့် ကိုင်ထားတယ်

"ရိ...ရိပေါ် ...ငါ ...ငါ နောက်ကျသွားတယ်"

"ရတယ် ရောက်အောင်လာပေးတာပဲ ရပြီ ရပါပြီ"

ပြောရင်းနဲ့ စကားဆုံးခါနီးမှ အသံတိမ်ဝင်သွားလေတော့ ရှောင်းကျန့် သိလိုက်တယ် ဒီဝမ်ပါးပါး ပုစိ ငိုနေပြန်ပြီ

ဒီပါပါးဟာလေ အခုတလော အရမ်းကို အငိုသန်တာ သူများတွေရှေ့မှာတော့ အသည်းမာတဲ့ပုံနဲ့ နေတတ်ပေမယ့် ရှောင်းကျန့်နဲ့ ပတ်သတ်ရင်တော့ ခဏခဏ ငိုပါတယ် ရှောင်းကျန့် ကလပ်ကို ရောက်လို့လည်း ငိုတယ် ရှောင်းကျန့် အချိန်ပိုင်း အလုပ်တွေ လုပ်မယ်ဆိုတော့လည်း ငိုတယ် ရှောင်းကျန့် သူ့စကားနားမထောင်ဘဲ ကလန်ကဆန် ပြန်ပြောတဲ့ အချိန်တိုင်းလည်း ငိုတယ် ဟိုတလောကလေးတင် ရှောင်းကျန့်ကို ဈေးရှေ့မှာ ရှာမတွေ့ပြန်လို့ ငိုပြန်ရော အမြဲပဲ ငိုနေတတ်တော့တာပဲ (A/N; လော့ပင်းဟယ်နဲ့ အမျိုးတော်လားမှ မသိတာ)

Call me Daddy (completed)Where stories live. Discover now