(26)

18.6K 1.8K 94
                                    

'ဟိုကောင်လေး အိပ်ရာ မထ သေးဘူးလား'

'ထားလိုက် နှိုးမနေနဲ့ ယွဲ့ ရေ ရုံးချိန်မမီရင် သူ့ဘာသာသူ bus ကားစီးသွားလိမ့်မယ် ကိုယ့်ကို မနက်စာ ပြင်ပေးပါအုံး'

'ဟင် စန်းပေါ်က အိမ်မှာ တစ်ခါတည်း စားမလာခဲ့ဘူးလား '

'ဟင့်အင်း မစားခဲ့ဘူး ယွဲ့ လက်ရာကလွဲရင် ကျန်တာတွေ မစားချင်တော့ဘူး'

'အပိုတွေ ဒီနေ့ မနက်စာက တစ်ယောက်စာပဲ ပြင်လာခဲ့မိတယ် စန်းပေါ်စားလိုက်လေ ဒီငမြွေထိုးလေးက တစ်မနက်လောက် မစားရလည်း ဘာမှမဖြစ်ဘူး'

ရှောင်းကျန့် အိပ်ရာဘေးနား လာပြီး တမင်မကြားကြားအောင် လာပြောနေတဲ့သူတွေကို  ဘာမှခွန်းတုံ့မပြန်ဖြစ် ပြန်ပြောချင်စိတ်လည်းမရှိ ရိပေါ်အိပ်နေကျ ခေါင်းအုံးကိုပဲ အတင်းမျက်နှာပေါ် ဖိသိပ်ချလိုက်တယ် လွမ်းလိုက်တာကွယ် ။

ရှောင်းကျန့်မှာက အရင်လို အိပ်ရာ ထထချင်း နဖူးကို ခပ်ဖွဖွ နမ်းမယ့်သူလည်းမရှိ မနက်စာပြင်ပေးမယ့်လူလည်း မရှိ ယုတ်စွ အဆုံး သွားတိုက်တံမှာ သွားတိုက်ဆေး အဆင်သင့် ထည့်ထားပေးမယ့်သူပင် မရှိတာ လေးရက်မြောက်ပြီ

လေးရက်အတွင်း ဝမ်ယွဲ့နဲ့ ချန်းစန်းပေါ်ရဲ့ ဆက်ဆံရေးက တမဟုတ်ချင်း တိုးတက်သွားတယ် ခုမှ သိကျွမ်းကြသူများကနေ အီစီကလီ အနေအထား ရောက်တဲ့အထိ ဘယ်သူ့ဘက်ကစလို့ ဒီအထိ ခရီးပေါက်သွားသလဲဆိုတာ ရှောင်းကျန့်မသိလိုက် စပ်စုချင်စိတ်တွေလည်း ပျောက်ရှလို့

အရင်တုန်းက ရှောင်းကျန့်အပေါ် အရမ်းဂရုစိုက်တဲ့ ချန်းစန်းပေါ်က ခုများတော့ ရှောင်းကျန့်ကို ရှိတယ်လို့တောင် မထင် အိမ်ပေါ်ရောက်လာတာနဲ့ တယွဲ့ယွဲ့နဲ့ မသိရင် ဝမ်ယွဲ့ကပဲ ဖင်ကွဲလို့ ဆေးခန်းပြနေရတဲ့သူလိုလို ရှောင်းကျန့် စမြင်တွေလည်း ကပ်လွန်းအားကြီးလို့ တကယ်ကွဲပါစေလည်း ဆုတောင်းတယ် ဒါမှ ဒင်းတို့ ကိုယ်ချင်းစာတတ်မှာ ဖြစ်ကာစက အိမ်သာတက်လို့ မရတဲ့ ဒုက္ခတွေကို ဒင်းတို့ ခံစားတတ်မှာ ဘယ့်နှယ် နှစ်ကောင်သား ရွလွန်းအားကြီးတယ်

ရိပေါ်က ပထမ တစ်ရက်တုန်းကတော့ ရှောင်းကျန့်ကို ဖုန်းခေါ်သေးရဲ့ ဒါပေမဲ့ ရှောင်းကျန့် ဦးလေးငယ်အကြောင်း စုံစမ်းအုံးမယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ နောက်နေ့တွေမှာ ရှောင်းကျန့်ကို အဆက်အသွယ် မလုပ်တော့ဘူး ညဖက်လုံးဝ အိပ်မရလို့ ဖုန်းခေါ်ရင်တောင်မှ စကားတစ်လုံးနှစ်လုံး ပြောပြီးတာနဲ့ ချက်ချင်းဖုန်းချပစ်တတ်လာတယ်

Call me Daddy (completed)Where stories live. Discover now