1. We Break up

3.7K 293 18
                                    

Zawgyi

" ကွာရှင်းမယ်​ "

" ဘာ !!!! "

" ဒီ​လောက်​စိတ်​ပျက်​စရာ​ကောင်း​နေတာကို
ဘာလို့အတူ​နေဦးမှာလဲ !!!??? "

" စိတ်​ပျက်​စရာ !!! "

" ​မဟုတ်​လို့လား !! ငါတို့လက်​ထပ်​ခဲ့တဲ့​နှစ်​,နှစ်​အတွင်း
ပျော်​ရလို့လား ?? အမြဲတမ်းရန်​ဖြစ်​စကားများပြီး
တစ်​​ယောက်​မဟုတ်​တစ်​​ယောက်​ အပြင်​မှာအိပ်​ခဲ့ကြတာ
ချည်းဘဲ "

" အဲ့ဒါ မင်း ဆင်​​ခြေ​လေ !! မင်း ​ဖောက်​ပြန်​​နေလို့
ဒီ​စောက်​စကားထွက်​လာတာ​ပေါ့ !! "

" ငါ ဘယ်​တုန်းက​ဖောက်​ပြန်​ခဲ့လို့လဲ !!!
အဲ့လို ​စောက်​တလွဲအထင်​ခံမှာစိုးလို့ ဘယ်​မိန်းမ
ဘယ်​​ယောကျာ်းနဲ့မှတရင်းတနှီးမ​နေဖူးဘူး "

" ဟက်​ !! ရယ်​ချင်​စရာ​ကောင်းလိုက်​တာ
အလုပ်​ကိစ္စ အလုပ်​​ကြောင့်​ ဆိုပြီး​ခေါင်းစဉ်​တပ်​ခဲ့တာ
ဘယ်​နှစ်​ကြိမ်​​မြောက်​ရှိ​နေပြီလဲ ?? "

" ​စောက်​​ရေးမပါတာ​တွေ ဖြစ်​လာဖို့
ငါတို့လက်​ထပ်ခဲ့တာမဟုတ်​ဘူး အို ဆယ်​ ဟွန်း !!!
မင်း ဘဝ နဲ့ ငါ့ဘဝ အတူဖြတ်​သန်းကြမယ်​ဆိုပြီး
ကတိကဝတ်​ပြု ပြီးမှ ဒီအိမ်​​ထောင်​​ရေးဖြစ်​လာတာ !!
အခု​တော့ အဲ့ကတိကဝတ်​​တွေ တစ်​​ယောက်​နဲ့တစ်​​ယောက်
လေးစားမှု နားလည်​မှု​တွေ ဘယ်​​ရောက်​ကုန်​လဲ ??
တစ်​ခုခုဆို အထင်​လွဲမယ်​ ​ဖြေရှင်းချက်​မ​ပေးဘူး
မင်းထင်​တာ​တွေဘဲအမှန်​ မင်းသိတာ​တွေ အမှန်
အရာအားလုံးကို မင်းတစ်​​ယောက်​တည်းကဘဲ မှန်​ပြီး
ငါ့ဘက်​ကဘဲ ​စောက်​ပြစ်​ဖြစ်​​အောင်​ ထိုးချသွားတာ​လေ "

" မင်းက ငါ ချစ်​သ​လောက်​မှ မချစ်​ခဲ့တာ !!
ငါ ယုံကြည်​​အောင်​မှ မ​နေခဲ့တာ !!! ဒီအိမ်​​ထောင်​​ရေး
တည်​မြဲ​အောင်​ မင်းက ဘာ​တွေကြိုးစားခဲ့လို့များ
အသံ​ကောင်းလာဟစ်​​နေတာလဲ !!?? "

" အချစ်​ ဟုတ်​လား !!! ထွီ !!! ရွံစရာ​ကောင်းလိုက်​တာ
တစ်​ခုခုဆို မင်းကဘဲအချစ်​တက်​ဆုံး မင်းကဘဲ
နားလည်​အ​ပေးရဆုံး ပုံစံဖမ်း​နေတာ​တွေ
ရပ်​​ပေးပါလား !! မြင်​ရ ကြားရတာ ​​အော့ကလီဆန်​လွန်း
လို့ "

EX-Husband !! Let fall in love again !! (Z+U)Waar verhalen tot leven komen. Ontdek het nu