6. He says sorry

1.5K 193 21
                                    

Zawgyi

" နှစ်​​ကောင်​စလုံး ဖုန်းမကိုင်​ပြန်​ဘူး "

" ဘာဖြစ်​လို့လဲ ?? "

" စိတ်​မချလို့​ပေါ့ !! သင်းတို့အ​ဖေလည်းမဟုတ်​ဘဲနဲ့
အရာရာလိုက်​ပူ​ပေး​နေရတယ်​ "

မနက်​ခင်း ထမင်းဝိုင်းတွင်​ မနက်​စာစားဖို့ရန်​ကို​တောင်
အာရုံမရှိနိုင်​ဘဲ ညီငယ်​နှစ်​​ယောက်​က သူ့ဖုန်းကို
မကိုင်​၍ ရှင်း ဝူး တစ်​​ယောက်​ ​စိတ်​ဆိုး​နေ​လေရဲ့ ။

က​လေး​တွေမဟုတ်​​တော့​ကြောင်း သူတို့ပြဿ     နာ
သူတို့​ဖြေရှင်းနိုင်​​ကြောင်း မည်​သို့ပင်​​ဖြောင်းဖြထားပါ
သော်​လည်း ချစ်​ခင်​ပွန်း​လေးမှာ စိတ်​မ​အေးနိုင်​ဘဲ
အဆက်​အသွယ်​မရသည်​နှင့်​ စိတ်​ပူတက်​စမြဲပင်​ ။

" ကဲပါ ။ အစာစားပါဦး ။ ခင်​​ဗျားက ခင်​​ဗျားညီ​တွေကို
ပူတက်​သလို ကျုပ်​ကလည်း ကိုယ့်​​ယောကျာ်း
အစာမစားမှာ ပူတက်​​သေးတယ်​ဆိုတာ သတိရ​ပေးပါဦး "

ညီငယ်​များကို ခင်​တွယ်​လွန်းသည့်​ ကိုယ့်​​ခင်​ပွန်း​လေးကို
ငြို ငြင်​ခြင်းမဟုတ်​​ပေမဲ့ ဒီလူကလည်း စိုးရိမ်​ပူပန်​တက်
ကြောင်း ​ပြောထားမှသာ သူ့ကိုယ်​သူ ဂရုစိုက်​မည်
ဖြစ်​​သော​ကြောင့်​ အခုလည်း ​ယောင်​ချန်း၏ စကားကို
မပယ်​ရှားရက်​ဟန်​ဖြင့်​ ဖင်​တစ်​ကြွကြွဖြစ်​​နေသည့်​ပုံစံက​နေ
ငြိမ်​ငြိမ်​သက်​သက်​ထိုင်​ပြီး မနက်​စာကို ​သေချာစား​ပြ
လေ၏ ။

" ကိုယ်​ မင်း ကို ဘယ်​​လောက်​ထိချစ်​လဲ သိတယ်
မဟုတ်​လား ?? အဲ့ဒါ​ကြောင့်​ ကိုယ့်​ဘက်​ကိုလည်း
ကြည့်​​ပေး​နော်​ ။ ကိုယ့်​ကို ရင်​အပူလွန်​ပြီး ​​သေ​အောင်
မလုပ်​ပါနဲ့ ရှင်း ရယ်​ "

သူတို့အနားတစ်​ဝိုက်​တွင်​ ​ရေပူ​ရေ​အေးကမ်း​ပေးမည့်
အိမ်​အလုပ်​သမားများရှိ​နေသည်​ကို​တောင်​ ဂရုမစိုက်​နိုင်​ဘဲ
ယောင်​ ချန်း မှာ သူ့အချစ်​ သူ့စိုးရိမ်​ပူပန်​မှုများကို
ရှင်း ဝူး သိ​စေရန်​ ရင်​ဖွင့်​တိုင်​တည်​ပြရသည်​ ။

EX-Husband !! Let fall in love again !! (Z+U)Nơi câu chuyện tồn tại. Hãy khám phá bây giờ