7. I love him

1.4K 204 22
                                    

Zawgyi

ခင်​ပွန်း​ဟောင်းရင်​ခွင်​ထဲတစ်​ညလုံးအိပ်​အပြီး
မနက်​မိုးလင်းသည့်​အချိန်​အထိ ယင်းသူ၏လက်​​မောင်း
အ​ပေါ် ​ခေါင်းအုံးထားလျက်​သား အ​ခြေအ​နေ​ကြောင့်
ဒိန်းခနဲ ​သွေး​ဆောင့်​တက်​လာသည့်​ စိတ်​လှုပ်​ရှားမှုကို
မနည်းထိန်းရင်း ​ရေချိုးခန်းထဲ ဝင်​​ပြေးခဲ့ရသည်​ ။

မပွင့်​လင်းတာထက်​ မပွင့်​လင်းရဲတာ ဟူ​သော
အ​ကြောင်းအရင်းအမှန်​ကို သူ့ဘက်​က မည်​သို့မည်​ဖုံ
ဖွင့်​ထုတ်​ပြရမည်​တုန်း ။

ထိုလူ့ရင်​ခွင်​ထဲ သက်​​သောင့်​သက်​သာ အိပ်​ခွင့်​ရသည့်
တစ်​ညတာ ၊ ထိုလူနှင့်​အတူနိုးထခွင့်​ရသည့်​ မနက်​ခင်း က
သူ့အတွက်​ တန်​ဖိုးရှိလွန်း​သော​ကြောင့်​ တစ်​ဖက်​လူကို
သူ့​ကြောင့်​နှင့်​ အ​နှောင့်​အယှက်​ မဖြစ်​​စေချင်​၍
ရှောင်​​ပြေးမိကာမှ တစ်​ဖက်​လူက သူ့အပြုအမူအ​ပေါ်
အထင်​လွဲပြီး သူ့ကို​တောင်​ နှုတ်​မဆက်​ဘဲ စာတစ်​​စောင်
ချန်​ကာ ထွက်​သွားခဲ့​လေသည်​ ။

အဆင်​​ပြေဖို့​တောင်​မကြိုးစားရ​သေးခင်​ တစ်​ဖက်​လူက
သူ့အ​ပေါ် အထင်​အမြင်​လွဲမှားပြီး ပြန်​သူစိမ်းဆန်​သွား
မည်​ကို အဖြစ်​မခံနိုင်​​သော​ကြောင့်​ ဂျုံ အင့်​ မှာ
ခေါင်း​ရေစက်​လက်​နှင့်​ ​တွေ့ရာမြင်​ရာအဝတ်​အစားတစ်​စုံ
ကောက်​ဝတ်​ပြီး ဆယ်​ ဟွန်း ထံသို့ ​ပြေးရ​တော့သည်​ ။

စော​နေ​သေးသည့်​ မနက်​ခင်း​ကြောင့်​ ကားသိပ်​မရှုပ်​​သော
ကံ​ကောင်းမှုနှင့်​အတူ ကတိုက်​ကရိုက်​ဖြင့်​ ​​ဆိုင်​အ​ပေါ်ဆုံး
ထပ်​​လေးလွှာသို့​ရောက်​ချိန်​ တစ်​လမ်းလုံး ပူထူလာသည့်
စိုးရိမ်​​ကြောင့်​ကြမှုမှ ဆယ်​ ဟွန်း နှင့်​ ​တွေ့ရမည်​ဟူ​သော
စိတ်​လှုပ်​ရှားမှုကို​ပြောင်းသွားပြီး  ​သွေးခုန်​နှုန်း နှလုံးခုန်​နှုန်း
များကို တစ်​ရိပ်​ရိပ်​တိုး​စေ၏ ။

အကိုဖြစ်​သူမှာ အကို​ကောင်းပီသစွာ လွန်​ခဲ့သည့်
တစ်​ပတ်​ခန့်​ကတည်းက အခန်း၏ Password ကို
တိုးတိုးတိတ်​တိတ်​​ပေးထားပြီးသားဖြစ်​၍ ဘီးလ်​မတီး​တော့
ဘဲ ပိုင်​စိုးပိုင်းနင်းပင်​ အခန်းထဲ နံပါတ်​ရိုက်​ထည့်​ပြီး
ကိုယ့်​အိမ်​ကိုယ့်​ယာလို ဝင်​သွားလိုက်​သည်​ ။

EX-Husband !! Let fall in love again !! (Z+U)Where stories live. Discover now