5. Let me hug
1.5K 215 24
Zawgyi
အို ဆယ်​ ဟွန်း ဟူသည်​သ​ကောင့်​သား​လေးသည်
နိုင်​ကွက်​ရထားလျှင်​ အားမနာလျှာမကျိုး အခွင့်​အ​ရေး
ယူတက်​သည့်​အယုတ်​တမာ​လေးဆို​တော့ ဂျုံ အင့်​ မှာ
ရှက်​တာက​နောက်​ထားပြီး ​ဒေါသထွက်​​သွေးတက်​​နေရ
သည်​ ။
ကိုယ့်​မျက်​စိ​ရှေ့ ကိုယ်​ခင်​ပွန်း​ဟောင်းနှင့်​ သူစိမ်း
မိန်းက​လေးတို့ပလူးကြမည့်​မြင်​ကွင်းကို မြင်​​နေသည့်​တိုင်
ကျော်​ခွသွားဖို့ရန်​ ကိုယ့်​စိတ်​က မခိုင်​သည်​မို့
ထိုမိန်းက​လေး၏ လက်​ ဆယ်​ ဟွန်း ကိုယ်​​ပေါ်မ​ရောက်​ခင်
သွားတားမိ​တော့ ပြုံးစိစိဖြစ်​လာသည့်​ သူမ​ကြောင့်​​ရော
ပြုံးစိစိဖြစ်​ချင်​​နေသည့်​ အို ဆယ်​ ဟွန်း ​ကြောင့်​​ရော
လုပ်​ပြီးမှ ကိုယ့်​အပြုအမူ​ပေါ် ​နောင်​တရသွား၏ ။
သူတို့က ကွာရှင်းပြီးသား သူစိမ်း​တွေဘဲ
ဂျုံ အင်​ အဘယ့်​​ကြောင့်​များ ဆယ်​ ဟွန်း ကို
အာရုံသွားစိုက်​​နေသလဲမသိ ။ အမှန်​ဆို သူ့ဟာသူ
ဘာလုပ်​လုပ်​ လျစ်​လျူ ပြုထားသင့်​သည်​မဟုတ်​ပါလား ။
အိမ်​ပြန်​​ရောက်​သည်​အထိ က​ပေါက်​တိက​ပေါက်​ချာ
အ​တွေး​ပေါင်းစုံနှင့်​ ကုတင်​​ပေါ်ငုတ်​တုတ်​ထိုင်​ရင်း
အချိန်​ဖြုန်းမိ​နေသည်​မှာ ဖုန်းမြည်​သံကြား​တော့မှ
အသိဝင်​သည်​ ။
ခေါ်ဆိုသူက အို ဆယ်​ ဟွန်း .. 
* ​ပြော *
* မင်းဘဲ ညစာအတူစားမယ်​ဆို *
* ငါ မစား .... ဟုတ်​ပြီ ငါ့ကို လာ​ခေါ် *
အစက​တော့ ငြင်းရန်​ပြင်​ပြီးမှ တစ်​ဖက်​လူက
အရင်​ဖုန်းစ​ခေါ်သည့်​အတွက်​ စိတ်​အ​ခြေအ​နေ​လေး
ညစာစားရန်​ ဆုံးဖြတ်​လိုက်​သည်​ ။
* အိမ်​က ​ရောင်းလိုက်​တာလား *
* မဟုတ်​ဘူး မ​နေချင်​လို့ တိုက်​ခန်း​ပြောင်း​နေတာ *
* ဟုတ်​ပြီ ဟုတ်​ပြီ လိပ်​စာပို့ထားလိုက်​ *
နှစ်​ဦးသားစိတ်​တိုင်းကျ ​ဖန်​တီးထားသည့်
အိမ်​​ဂေဟာကို ဂျုံ အင်​ က ဘယ်​လိုစိတ်​မျိုးနှင့်​များ
ရောင်းစားရက်​မည်​တုန်း ။ ဆယ်​ ဟွန်း အိမ်​​ပေါ်က
ဆင်းသွားကတည်းက ဂျုံ အင်​လည်း ထိုအိမ်​​ပေါ်
ပြန်​မတက်​​တော့ဘဲ အိမ်​​စောင့်​အလုပ်​သမားငှါးထားကာ
ကြည့်​ရှုထား​စေသည်​ ။
EX-Husband !! Let fall in love again !! (Z+U)Where stories live. Discover now