8. He kiss me
2.1K 227 27
Zawgyi
" ကြွကြပါ .. ကြွကြပါ "
" ကိုကိုကလည်း "
" ဖယ်​စမ်းပါ "
သူကသာ စိုးရိမ်​တကြီးနှင့်​ သင်းတို့နှစ်​​ယောက်​အ​ပေါ်
အရာရာလိုက်​ပူပန်​​ပေး​နေရ​ပေမဲ့ သ​ကောင့်​သား​လေး
နှစ်​​ကောင်​က​တော့ အခုထက်​ထိကို ဘာဆိုဘာမှ
တိုးတက်​မလာပါ​ချေ ။ ​နေ့လည်​တုန်းက​တော့
ကျွန်​​တော်​ ဆယ်​ ဟွန်း ကို ချစ်​​​သေးတယ်​ ဆိုတဲ့အ​ကောင်
ကလည်း သူ့ကိုသာ အားရပါးရရင်​ဖွင့်​ပြီး ခင်​ပွန်း​ဟောင်း
ကို​တော့ ဘာတစ်​ခုမှထုတ်​မ​ပြောရ​သေးသည့်​ပုံစံနှင့်
ဒုံးရင်းက ဒုံးရင်း ဆိုသလို ​အေးတိ​အေးစက်​ရယ်​ ။
နှစ်​​ကောင်​စလုံးကို ​ခေါင်းတစ်​ချက်​စီ​ခေါက်​ပြီး
မင်းတို့နှစ်​​ကောင်​ပြန်​​ပေါင်းရင်​​ပေါင်း မ​ပေါင်းရင်
ငါနဲ့အဆက်​အသွယ်​ဖြတ်​ ဟုအကြမ်းနည်းသုံးကာ
အခန်းတစ်​ခုထဲ ​သော့ပိတ်​ထားရမလို​ဖြစ်​​နေ​ချေပြီ ။
တစ်​​ယောက်​နှင့်​တစ်​​ယောက်​ပွင့်​လင်းလိုက်​လျှင်
ရှင်း​နေပြီကို ဘာ​တွေ​သောက်​ရစ်​ရှည်​​နေကြမှန်းမသိ ။
သူ့မှာသာ သင်းတို့အိမ်​​ထောင်​​ရေးကိုလိုက်​ပူပြီး
ရောဂါရနိုင်​​ချေရှိသည်​မို့ ရှင်း ဝူး တစ်​​ယောက်
အရပ်​​ခြောက်​​ပေ​ကျော်​ကြီးကိုမှအားမနာ သူ့လက်​​မောင်း
အား တွန်းထုတ်​လိုက်​သည်​ ။
" ဖုန်းဆက်​တဲ့အချိန်​မကိုင်​နိုင်​ရင်​လည်း အားတဲ့အချိန်
ပြန်​ဆက်​ရမယ်​​လေ ။ ငါ့မှာ​တော့ စိတ်​​တွေပူလို့
မင်းက​တော့ ခင်​ပွန်း​ဟောင်းနဲ့ တစ်​​နေကုန်​ ပလူး​နေ
တယ်​​ပေါ့ ဟုတ်​လား "
" ကိုကိုကလည်း တိုးတိုး​ပြောပါ "
အ​ဒေါ်ဖြစ်​သူနှင့်​ စကားလက်​ဆုံကျ​နေသည့်
ဆယ်​ ဟွန်းက​တော့ သူ့အသံကို ကြားနိုင်​မည်​မထင်​ ။
ပြောမရ ကြားလျှင်​လည်းကြားလိမ့်​မည်​ ။ သို့​သော်​ငြား
ယင်းအ​ကောင်​​ကလည်း ​ဘေးနားမှလူအားလုံး
ဝိုင်းတွန်း​ပေးလျှင်​​တောင်​ ဖင်​ကြွမည့်​အ​ကောင်
မဟုတ်​ပါ​ချေ ။
EX-Husband !! Let fall in love again !! (Z+U)Where stories live. Discover now