2. I regret

2.1K 234 16
                                    

Zawgyi

" အဲ့​တော့ အဆက်​​ဟောင်းကြီးနဲ့ပြန်​​တွေ့ခန်း​လေး
လင်းစမ်းပါဦး "

" အလုပ်​သ​ဘောအရ​တွေ့ရတာ​လေ ဘာ​တွေ
သိချင်​​နေတာတုန်း "

" ငါ တစ်​ခု​မေးပါရ​စေဦး ။ မင်းပုံစံက ပြတ်​နိုင်​တာလဲ
မဟုတ်​ဘဲ ဘာလို့ ဂျုံ အင်​ စိတ်​တိုင်းကျ ကွာရှင်း​ပေးလိုက်
တာလဲ "

" ​သေပါ​စေလို့​တောင်​ ဆု​တောင်းပေး​နေတဲ့ဟာကို
ကျွန်​​တော်​က ​" ယောကျာ်း​ရေ ကိုယ့်​ကိုခွဲမသွားပါနဲ့ "လို့
ခြေ​ထောက်​ဖက်​​တောင်းပန်​ရမှာလား "

" အဲ့ဒါနဲ့ ကွာရှင်း​ပေးလိုက်​တယ်​​ပေါ့ "

" ​အင်း​လေ ။ သူက ကွာရှင်းချင်​​နေတယ်​ဆို​တော့
ချွေးသိပ်​တဲ့အ​နေနဲ့ ​ခေါင်းငြိမ့်​​ပေးလိုက်​တာ​ပေါ့ ။
တစ်​နှစ်​​လောက်​ အချိန်​​ပေးပြီးပြီဘဲ အခု​လောက်​ဆို
ဂျုံ အင်​လည်း စိတ်​​ပြေ​လောက်​ပါပြီ "

" အဲ့​တော့ မင်းက မင်း ​​ယောကျာ်း​ဟောင်းကို
ပြန်​လိုက်​​တော့မယ်​​ပေါ့ "

" မလိုက်​ပါဘူး ။ ကျွန်​​တော်​က မာနအထိခိုက်​ခံပြီး
လိုက်​စရာလား ။ သင်းကအရင်​ ကျွန်​​တော့်​ကို
ခခယယပြန်​​တောင်းပန်​ပြီး လက်​ထပ်​ခွင့်​လာ​တောင်းရ
အောင်​လုပ်​မှာ "

" အ​မ​လေး ​အို ဆယ်​ ဟွန်း ရဲ့
ယောကျာ်း​ဟောင်းနဲ့ ပြန်​လက်​ထပ်​တာ မင်းနဲ့မှ
ကြားဖူး​တော့တယ်​ "

အို ဆယ်​ ဟွန်း ၏အကြံအစည်​ကိုကြားတာနဲ့​တင်
လက်​လန်​​နေသည်​ဆို​တော့ ထိုအကြံအစည်​အား
အကြံ​ပေးရုံတင်​မက အင်​တိုက်​အားတိုက်​ကူညီ​ပေး​နေသူ
မှာ သူ့ချစ်​ခင်​ပွန်းကြီးဆိုတာသာသိလျှင်
အကို ပတ်​​ ​ယောင်​ ချန်း တစ်​​ယောက်​ ​သွေးပွက်​ပွက်​အန်
လိမ့်​မည်​ထင်​ ။

" ဆယ်​ ဟွန်း နီး !!!!! "

ဆယ်​ ဟွန်း ၏အ​တွေး​တောင်​မဆုံး​သေး ဆိုင်​ပေါက်ဝ
မှစ၍ အသံချီကာ ​အော်​ဟစ်​ဝင်​လာသည့်​ အကို ရှင်း ဝူး မှာ
သူ့ချစ်​ချစ်​ကြီး၏ မျက်​​စောင်းကိုမမြင်​ဘဲ ထိုင်​​နေသည့်
ဆယ်​ဟွန်းအား ဆယ်သက်​ဆယ်​ကမ္ဘာ​လောက်​ကွဲကွာ
ခဲ့ရာမှ ပြန်​​တွေ့ရသူလို အတင်းသိမ်းကြုံးဖက်​​လေရဲ့ ။

EX-Husband !! Let fall in love again !! (Z+U)Where stories live. Discover now