မိတ်ဆက် / မိတ္ဆက္

48.4K 1.7K 48
                                    

[Unicode]

Hello! Hello!! စာပေချစ်ပရိသတ်တို့၊ Hello! Hello!! ရင်ခုန်တတ်စ ပုရစ်ဖူးလေးတို့၊ နှုတ်ခမ်းနီမလေးတို့၊

ဒီဝတ္ထုလေးက တစ်ခွန်းတည်းအရိုးရှင်းဆုံးပြောရမယ်ဆိုရင် ရိုမတ်တစ်ဆန်ဆန်အကွက်လေးတွေနဲ့ အသည်းယားအောင်လုပ်တဲ့ အချစ်ဝတ္ထုလေးပါ။ ဒါပေမဲ့ အချစ်ဝတ္ထုရဲ့ခေတ်ကာလကို စာရေးဆရာက ရှေးခေတ်အချိန်သုံးထားပါတယ်။ အဲ… ရှေးခေတ်အချိန်ထဲမှာမှ နည်းနည်းထပ်ကွန့်လိုက်တော့ ကျင့်ကြံခြင်းလောကဝတ္ထုတစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။ ဆိုတော့ပြောရရင် ကျင့်ကြံခြင်းလောကနောက်ခံနဲ့ ဇာတ်အိမ်တည်ထားတဲ့ အချစ်ဝတ္ထုလေးဖြစ်သွားရတယ်ပေါ့ကွယ်။ အဲ့ဒီကနေမှ အချစ်ဝတ္ထုသီးသန့်ကြီးဖြစ်မနေရအောင် ဇာတ်လမ်းထဲမှာ ရယ်စရာ၊ မောစရာ ဟာသလေးတွေထည့်ထည့်သုံးပေးတယ်။ ဒီလိုနဲ့ပဲ အချစ်ဟာသကျင့်ကြံခြင်းဝတ္ထုတစ်ပုဒ်ဖြစ်လာရတယ်ဆိုပါတော့ရှင်။

နောက်ပြီး တစ်ခုကြိုပြောချင်တာတော့ (18+) လုံးဝပါလာမှာမဟုတ်ပါဘူးဆိုတာပါပဲ။ ဇာတ်လိုက်နှစ်ယောက်ကြားက အချစ်တိုးတက်မှုကလည်း နှေးကွေးပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်က အခုခေတ်အခေါ်အရပြောရရင် ရိုဆန်ဆန်အကွက်တွေချည်းလုပ်နေရတာ မပြီးနိုင်မစီးနိုင်ဖြစ်နေလို့ပါပဲ။

ဒါပေမဲ့ အဲ့ဒီရိုဆန်ဆန်အကွက်တွေကို ဖတ်ဖတ်ပြီး အသည်းတယားယားဖြစ်နေရမယ်ဆိုတာကိုတော့ လုံးဝအာမခံပါတယ်နော်။ နောက်ပြီး FAကြီးတစ်ယောက် အချစ်နဲ့ထိတွေ့လာတဲ့အခါ ပြောင်းလဲပုံအဆင့်ဆင့်နဲ့ သူ့ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ပတ်ဝန်းကျင်တုံ့ပြန်မှုတွေကိုဖတ်ရင်း တခစ်ခစ်ရယ်ရမယ်၊ သမာဓိအရမ်းတည်ကြည်လွန်းတဲ့သူဆိုရင်တောင် ပြုံးရပါလိမ့်မယ်နော်။ ကဲ စမ်းဖတ်ကြည့်လိုက်ပါဦးနော်။

ဇာတ်လမ်းအကျဉ်းကို ကိုယ်ကတော့မရေးပြတော့ပါဘူး။ အဲ့ဒါမရေးပြချင်လို့တော့ မဟုတ်ပါဘူး။ ဟီးဟီး

တနည်းပြောရရင် ဒီမိတ်ဆက်က အသစ်ပြန်ရေးထားတဲ့မိတ်ဆက်ဖြစ်တာမို့ အရင်မိတ်ဆက်ထဲမှာ ထည့်သွင်းထားတဲ့ ကိုယ့်ဝတ္ထုအတွက် reviewလေး (၂)ခုကို အရင်အတိုင်းပြန်ထည့်ပေးထားပါတယ်။ သူတို့ညွှန်းထားတဲ့ဇာတ်လမ်းအကျဉ်းလေးကို ဖတ်လိုက်မယ်ဆိုရင် ကိုယ်ပြောတာထက်ပိုပြီး စာဖတ်သူတွေအတွက် အဆင်ပြေစေမှာပါ။ ဘာလို့လဲဆိုတော့ ကိုယ်က ဘာသာပြန်သူဖြစ်တဲ့အတွက် ဇာတ်လမ်းကိုအများကြီးချန်ပြီးရေးရတော့ မိတ်ဆက်ထဲမှာ သူတို့လိုစာဖတ်သူတစ်ယောက်အနေနဲ့ရေးပြလို့ရတာမျိုးတွေ ရေးမပြနိုင်တာကြောင့်ပါ။ ဟုတ်ကဲ့… ဖတ်ကြည့်လိုက်ကြနော်။

[[Completed]]ကောင်းကင်ဘုံသို့ ကြွလှမ်းစံမြန်းနေသည်၊ မနှောင့်ယှက်ရ။ ADNDWhere stories live. Discover now