( 2 )

16.8K 1.5K 105
                                    

unicode

တစ်ထည်တည်းရှိသော စောင်ကို သူ့ရှေ့က လူသားလေးက အတင်းလုယူ ခြုံသွားသဖြင့် ရိပေါ်မှာ သူ့ရတနာလေးကို ခေါင်းအုံးနဲ့သာ ကွယ်ထားရသည်။
မူးနေသော ဒီလူသားနှင့် ဆေးခတ်ခံရခြင်းကြောင့် ဆန္ဒပြင်းပြနေသည့် သူ့ကြားတွင် နယ်ကျွံ့မိခဲ့ကြတာ အမှန်ပင်။

သူတို့ ဂိုဏ်းမျိုးနွယ်ရဲ့ စည်းကမ်းချက်ကို သိထားသော တခြားဂိုဏ်းဝင်အုပ်စုက လှပျိုဖြူလေးနှင့် သူ့ကို ထောက်ချောက်ဆင်ဖို့ ကြိုးစားခဲ့သည်။ ရိုးရှင်းသော ရှန်ပိန်တွင် ဆန္ဒကြွဆေးများ ထည့်ထားလိမ့်မည်ဟု သူ တကယ်ထင်မှတ် မထားခဲ့။ အတွေ့အကြုံ လုံးဝမရှိခဲ့သော သူ့မှာ အယ်လ်ကိုဟောနဲ့ ecstasy ပေါင်းစပ်မှုကြောင့် ရေငတ်ကာ ဆန္ဒများကလည်း ပြင်းပြင်းပြပြ။ တစ်ခုခု ဖြစ်လိုသည့်စိတ်ကို ချုပ်တီးရန် အလွန်ခက်ခဲခဲ့သည်။

ကြေးစားလူသတ်သမား ခုနိုအုပ်စုဝင် လှပျိုဖြူလေးအပေါ်မှာ သူလွန်ကျုးမိခဲ့လျှင် ထိုလှပျိုဖြူလေးကို သူ့လက်တွဲဖော်အဖြစ် သတ်မှတ်ရပြီး သူပါ ထိန်းချုပ်ခံရမည့် အဖြစ်။

လှပသော ပျိုကညာလေးရဲ့ ထောက်ချောက်မှလွတ်ရန် ပြေးရင်း နောက်ဘက်ဝံရံတာတွင် မူးနေသည့် ဒီလူသားလေး ရှိနေသော အထပ်ကို တွယ်ဆင်းမိခဲ့တာလား။

သူ့အာရုံတွင် ဒီကိစ္စမတိုင်ခင် အဖြစ်အပျက်များက တရေးရေး ပြန်မြင်ယောင်လာသည်။

" စပိုက်ဒါမန်းလား မန်နေဂျာအန်းပဲ ဘာလို့ တွယ်ဆင်းလာတာလဲ "

မေးလာသည့်သူက လက်ထဲဝိုင်တစ်ပုလင်းနှင့်။ ဝံရံတာကို မှီကြည့်ရင်းမှ သူ့ဆီ ဒယိမ်းဒယိုင် လျှောက်လာခဲ့သည်။ ဆန္ဒများ လွန်စွာပြင်းပြနေ၍လားမသိ။ သူ့တစ်ခန္ဓာလုံးလည်း စွမ်းအင်များ လျော့နည်းသလိုနှင့် ပူလောင်ကာ တစ်စုံတစ်ရာ ဖြစ်မှာကိုသာ အသည်းအသန် တောင့်တနေမိခဲ့သည်။ သေချာလည်း မပြေးနိူင်တော့။

မူးနေသောသူလေးကို တစ်နေရာရာမှာ ရင်းရင်းနှီးနှီး မြင်ဖူးခဲ့သလို။

သူ့အတွေးမဆုံး သူ့လက်ကို လာဆုပ်ကိုင်သော အမူးသမားလေး။ နွေးနွေးအိအိလေးနှင့် ထိုအထိအတွေ့မှာ သူ့အသွေးအသားများက ပိုဆာလောင်လာခဲ့သည်။

My Beloved PartnerWhere stories live. Discover now