( 31 )

9.1K 1.4K 121
                                    

unicode

လုပ်ကြံသတင်း ဖန်တီးသည့် ဘော်ဒီဂတ်ချောင်ကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ချောင်က အပုန်းကောင်းလွန်းသည်။

ချောင်ကဘာလို့ ဒီလိုထိုးနှက်တာလဲဆိုတဲ့ မေးခွန်းက ဖြေရန်သိပ်ခက်သည့် မေးခွန်းတစ်ခုတော့ မဟုတ်။ အလုပ်ဖြုတ်ခံရသည်ကို မကျေနပ်သောကြောင့် လုပ်တာဖြစ်မည်ဟု အလွယ်တကူ ခန့်မှန်းနိူင်သည်မလား။

ဒီကိုရောက်ပြီးမှ ခဏခဏ ပြဿနာဖြစ်သော အခြေအနေများကို ရှောင်းကျန့်တကယ်ပင် စိတ်ပျက်လာပြီ။ ကံဆိုးမှုတွေဟာ အလည်လာတိုင်း ဆွေစဥ်မျိုးဆက် ခုနစ်ဆက်ကို ခေါ်ယူပြီး အလည်လာကြသည်ထင်ပါရဲ့။

ဘာလို့ တစ်ခုပြီးတစ်ခု ဆက်တိုက်လဲ။

ပိုင်ကျင်းပြန်ပေးဆွဲသည်ဟု သူ့ဘက်က ရှင်းလင်းပွဲ ချက်ချင်းလုပ်ခဲ့ရင် အကောင်းသား။ အခု ရက်ပိုင်းလောက် အချိန်ဆွဲမိတော့ ချောင်က တစ်ကွက်ကျော် ရိုက်သွားခဲ့ပြီ။ အခုချိန်မှာ ပိုင်ကျင်း ပြန်ပေးဆွဲခဲ့တာကို သက်သေအတိအကျ မပြောနိူင်ဘဲ ထုတ်ပြန်လိုက်ရင် စိတ်တိုနေသော လူထုကို နှစ်ဆစိတ်တိုသလို လုပ်မိတာပဲ ဖြစ်သွားလိမ့်မည်။

ချောင်ဟာ အလုပ်ဖြုတ်ခံရသည်ကို မကျေနပ်၍ လုပ်ခြင်းသာဖြစ်သည်ဟု သူ့ entertainment က ချက်ချင်းထုတ်ပြန်ပေမယ့် ယုံမည့်သူကမရှိ။ ချောင်ရဲ့စကားကို ယုံကြည်ကာ ပိုင်ကျင်းကိုတောင် မသိသောသူများကပင် ပိုင်ကျင်းကို ကာကွယ်ပေးပြီး သူ့ကို အပြစ်တင်လာကြသည်။

မကျူးလွန်ခဲ့သော အပြစ်အတွက် အထင်လွဲခံရသည်က ဝမ်းနည်းစရာကောင်းသည်။ ပိုဝမ်းနည်းစရာ ကောင်းတာကတော့ သူဟာ တရားလိုကနေ တရားခံဖြစ်သွားခဲ့ခြင်းပါပဲ။

ရိုက်ကွင်းကနေ အိမ်ကို ဘယ်လိုရောက်လာမှန်း ရှောင်းကျန့်မသိတော့ပါ။ လမ်းတစ်လျှောက်လုံး အတွေးများထဲတွင်သာ နစ်မျောနေမိသည်။ ရိပေါ်ရဲ့ အများကြီး မတွေးဘဲ အိပ်လိုက်နော် ဆိုတဲ့ စကားကို ကြားမှ သူအိမ်ပြန်ရောက်ပြီ ဖြစ်ကြောင်း သတိထားမိသည့် အဖြစ်။

ကားပေါ်က မဆင်းဖြစ်သေးခင် ရိပေါ်ခေါင်းမှာ ကပ်ငြိနေသော ကြက်ဥခွံ့လေးကို သူသွားခွာပေးမိသည်။

My Beloved Partnerحيث تعيش القصص. اكتشف الآن