( 32 ) ⚠️

13.1K 1.5K 90
                                    

unicode

ရုတ်တရက်လာနမ်းသော ရှောင်းကျန့်ကြောင့် ရိပေါ်ခဏကြောင်သွားမိသေးသည်။ ရှောင်းကျန့် ဒီလိုမျိုးနမ်းလာလိမ့်မယ်လို့ မျှော်မှမမျှော်လင့် ထားဘဲ။

ပထမဆုံးတွေ့ဆုံတုန်းက ရှောင်းကျန့်က မူးနေတာကြောင့် အမှတ်မှားပြီး နမ်းမိခြင်းသာ။ အခုကျ မူးနေတာလည်း မဟုတ်။ အမှတ်မှားခြင်းလည်းမဟုတ်။ ရိပေါ်မှန်းသိရဲ့သားနဲ့ ကျေကျေနပ်နပ် နမ်းလိုက်မိခြင်းပင်။

တစ်ခါတစ်လေ စိတ်ဆန္ဒကို ထိန်းချုပ်ထားရတာထက် လွှတ်ပေးလိုက်ရတာကို ရှောင်းကျန့်နှစ်သက် လာမိသည်။ အဲဒီစိတ်လွှတ်ပေးခြင်းရဲ့ ရလာမယ့် အကျိုးဆက်အားလုံးကို ခံနိုင်ရည်ရှိဖို့ အသင့်ပြင်ထားတာကြောင့် သူ့ဆန္ဒနောက်ကို လိုက်ဖို့ နောက်ထပ်တွေဝေ မနေတော့။

အခုချိန်မှာ ရှောင်းကျန့်က ရိပေါ်ကို စနမ်းလာခြင်းဟာ ရိပေါ်အတွက်တော့ ရေငတ်တုန်း ရေတွင်းထဲကျသကဲ့သို့။ ခုနားက သူ့ကို ရှောင်းကျန့် ခေါင်းလျှော်နေပေးတုန်းက သူ့စိတ်တွေကို ဘယ်လောက်တောင် ထိန်းချုပ်ခဲ့ရလဲ။

အခု သူ့စိတ်တွေကို လွတ်မြောက်ဖို့ ရှောင်းကျန့်က အခွင့်အရေးလာပေးခြင်းပဲ။ ဒီလိုမျိုး အခွင့်အရေးကို ဘယ်သူက လက်လွတ်ရိုး ထုံးစံရှိပါ့မလဲ။

ရှောင်းကျန့်ကို ဖက်ပြီး သူပြန်နမ်းလိုက်တော့သည်။ အစကတည်းကနေ စိတ်ဆန္ဒကို ထိန်းချုပ်ထားကြသော သူတို့နှစ်ယောက်အဖို့ အနမ်းတစ်ခုတည်းနဲ့ တင်းတိမ်လိုက်ကြဖို့က ခက်သည်။

မွတ်သပ်စွာ နမ်းရင်း ရိပေါ်ရဲ့လက်များက ရှောင်းကျန့် အင်္ကျီများထဲသို့ ကျူးကျော်လာခဲ့သည်။ မမြင်ရသည့်တိုင် ချောမွတ်လွန်းသည့် အထိအတွေ့ကို ခံစားရသော ရှောင်းကျန့်ကျောကို သူမြတ်နိုးစွာ ပွတ်သပ်မိသည်။

သူ့ရဲ့ ထိတွေ့မှုများက အပေါ်ပိုင်း တစ်ခုတည်းနဲ့ ရပ်တန့်မသွားခဲ့။ ရှောင်းကျန့်ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း အားလုံးကို ထိတွေ့ရတာဟာ သူ့ကိုတိမ်တွေပေါ်  လမ်းလျှောက်ရသလို လွှင့်မျောစွာ ခံစားရစေသည်။

My Beloved PartnerWhere stories live. Discover now