( 5 )

11.1K 1.4K 45
                                    

unicode

ဝမ်ရိပေါ်ဆိုသည့် ကောင်လေးထွက်သွားမှ သူ တံခါးတွေ လိုက်စစ်တော့လည်း ခြေရာလက်ရာ မပျက်။

ဘယ်လိုဝင်လာတာလဲ။ ခေါင်းခြောက်လိုက်တာ။

မနက်ရိုက်ကွင်းအတွက် ရှောင်းကျန့် မျက်ကွင်းမညိုချင်သဖြင့် အိပ်ရာထဲသွားပြီး ပြန်အိပ်လိုက်တော့သည်။ အိပ်မက်တွေနဲ့ တောင်စဉ်ရေမရ လျှောက်သွားပြီး နိုးလာချိန်မှာ မနက် ၈ နာရီကျော်ပြီ။

မန်နေဂျာအန်းက ၉ နာရီလာခေါ်မည်ဟု ချိန်းဆိုထားရာ သူ အမြန်ရေမိုးချိုး သန့်စင်လိုက်သည်။ ဒီနေ့ရဲ့ မနက်အခြေအနေ ကတော့ သူ့ကို စိတ်ကြည်စေချင်ပုံ မရချေ။

ဖုန်း call screen တွင် မြင်လိုက်ရသော အစ်ကိုတစ်ဆိုသော နာမည်ကြောင့် သူကိုင်ဖို့ တွေဝေခဲ့ပေမယ့် ကိုင်တော့ကိုင်လိုက်သည်။ တကယ်တော့ အစ်ကိုတစ်ခေါ်နေခဲ့တာဟာ လွန်ခဲ့သော သုံးရက်ကတည်းက ခေါ်နေခြင်းပင်။ အတိအကျဆိုလျှင် အဖေက ရှယ်ယာဆက်ခံသူ အကြောင်း ကြေညာပြီး နောက်တစ်နေ့မှ စ၍ ဆက်တိုက် ခေါ်နေခြင်းပါ။

ဒါပေမယ့် အဲဒီနေ့ညက တွေ့ကြုံခဲ့ရတဲ့ကိစ္စ တွေက သူ့စိတ်ကို ပုံမှန်ငြိမ်စေဖို့ မနည်းထိန်းချုပ် ထားရသဖြင့် အစ်ကိုတစ်ဖုန်းကို တမင်မကိုင်ခဲ့။

ဒီနေ့မနက်မှ စကိုင်ခြင်းပင်။

" ရှောင်းကျန့် . . အခုမှ ကိုင်တယ်ပေါ့လေ "

" အင်း "

" မင်းအနုပညာအလုပ်ကို သိပ်ချစ်ပါတယ်ဆို ဒါဆို မင်း အနုပညာအလုပ်ကိုပဲ ဆက်လုပ်လေကွာ "

" အင်း "

" ဘာ အင်းလဲ မင်းဆက်လုပ်မယ်ဆိုရင် လုပ်ငန်းကို မင်းဦးဆောင်ဖို့ ကိစ္စ ငြင်းလိုက်လေကွာ "

" မငြင်းဘူး "

" ရှောင်းကျန့် ! မင်းလောဘသိပ်မကြီးနဲ့ "

" ကြီးမှာ "

ဖုန်းထဲမှာ ယိကောရဲ့ဆဲသံကို သူသဲ့သဲ့ကြားရသည်။ ဒါပေမယ့် သူ မသိကျိုးကျွံ့ပြုလိုက်သည်။ ယိကောဟာ ငယ်စဉ်ကတည်းကနေ သူ့ကိုနှစ်ပြား မတန်အောင် ဆဲနေကျပဲ။ ယိကောရဲ့ ဆဲသံများက သူ့အတွက် အရေထူနေလို့ ခွာရောင်းလို့တောင် ရနေပြီ။

My Beloved PartnerWhere stories live. Discover now