( 20 )

8.4K 1.5K 151
                                    

unicode

ရိပေါ်ရဲ့စကားအဆုံး တိတ်ဆိတ်သွားသောလေထုကို ရှောင်းကျန့်ကသာ ပြန်ဖြိုခွင်းလိုက်ရသည်။

" ငါ အထဲဝင်တော့မယ် "

အထဲဝင်တော့မည်ဖြစ်ကြောင်း ရှောင်းကျန့် သတိပေးလိုက်ပေမယ့် ရိပေါ်က ဘာမှမပြောဘဲ ငေးသာစိုက်ကြည့်နေသည်။

ရိပေါ်ရဲ့ အကြည့်များထဲတွင် ဆွဲငင်မှုတစ်ခုခုက သက်ရောက်နေသောကြောင့် ရှောင်းကျန့်အကြည့် လွှဲကာအိမ်ထဲ ပြန်ဝင်လာတော့သည်။ အိမ်ထဲဝင်ပြီး ဖိနပ်ချွတ်နေခိုက် နောက်ကနေ ဗြုန်းခနဲ တင်းကျပ်စွာ အပွေ့ဖက်ခံလိုက်ရတာကြောင့် ရှောင်းကျန့်လန့်ဖျပ်သွားရသည်။

ရိပေါ်ဟု ဒေါသတကြီး အော်မည်လုပ်ပြီးမှ မန်နေဂျာအန်းက ဆိုဖာခုံပေါ် အိပ်နေတာကြောင့် အသံကို ပြန်ထိန်းရသည်။

" ဘာလုပ်တာလဲ လွှတ်စမ်း "

သူအသံတိုးတိုးဖြင့် လွှတ်ခိုင်းပြီး ရုန်းပေမယ့် ရိပေါ်က နည်းနည်းမှ မလွှတ်ပေး။

" ဘယ်လိုခံစားရလဲ အမှန်အတိုင်းပြော ရှောင်းကျန့်ကော မလိမ်နဲ့ "

" ရူးနေလား ငါကဘာကို ခံစားရမှာလဲ "

သူ့စကားအဆုံး ရိပေါ်က ပိုတိုးဖက်သည်။

" ရိပေါ်  လွှတ်တော့ မန်နေဂျာအန်း နိုးလာရင် မကောင်းဘူး "

" ဘာမကောင်းတာလဲ "

" မင်းကိုငါ အလုပ်ဖြုတ်မှာနော် ဒီလို ပေါက်ကရတွေ လုပ်နေရင် "

" ဟိုစီစီတီဗီမှတ်တမ်း ဖြန့်ပစ်မှာနော် "

" ခွေးကောင် "

သူ့ပွေ့ဖက်မှုကို ရှောင်းကျန့်က ဘာမှခံစားမိပုံမပေါ်ဘဲ ရုန်းသာရုန်းနေသဖြင့် ရိပေါ်လက်လျော့ လိုက်တော့သည်။

သူတစ်ယောက်တည်းပဲ ထူးဆန်းနေတာပါလား။

ရှောင်းကျန့်ကို လွှတ်ပေးလိုက်တော့ ရှောင်းကျန့်က ချက်ချင်း နောက်ပြန်လှည့်ပြီး သူ့ပခုံးကို ခပ်ပြင်းပြင်း တစ်ချက်ရိုက်ထည့်သည်။

" ကတိပေးထားတာ ငါ့လက်သည်းခွံ့တောင် မထိဘူးဆို အခု ဘာလုပ်တာလဲ "

My Beloved PartnerWhere stories live. Discover now