အပိုင်း ၄

14.5K 2.1K 362
                                    

မနက်ခင်းရောင်ခြည်နုနုသည် လုံးတုံမြို့လေးပေါ် လွှမ်းခြုံကျရောက်နေသည်။ အိမ်ခြေ ၆၀၀ ကျော် လူဦးရေ ၃၀၀၀ ကျော်သာရှိသော မြို့ငယ်လေးဖြစ်သောကြောင့် ဆူညံမှုမရှိဘဲ ငြိမ်းချမ်းသည်။ ကတ္တရာလမ်းတစ်ဖက်တစ်ချက် လမ်းသွယ်လေးများရှိ အိမ်လေးများမှာ ခြံ၀န်းလေးများနှင့် ဖြစ်ပြီး ကချင်နှင့် ရှမ်းနီလူမျိုးအများစု နေထိုင်ကြသောကြောင့် ရိုးရာပုံစံများသည်။ အချို့ ခြေတံရှည်၊ အချို့ နှစ်ထပ်တိုက်အိမ်လေးများ ဖြစ်သည်။ အများစုကတော့ ခြံ၀င်းနှင့် ပျဥ်ထောင်အိမ်လေးများသာ။

လမ်းဘေး ရေစီးမြောင်းတွင် မြက်ပင်၊ ကိုင်းပင်များရှိသော်လည်း တစ်ချို့အိမ်များရှေ့ရှိ ရေစီးကြောင်းများ၊ ကန်အိုင်ငယ်များတွင် ကြာပန်းများ လှိုင်လှိုင်ပွင့်နေသည်။ ကြက်သားအုပ်တစ်အုပ်သည် လမ်းဘေးတစ်နေရာ ၀ါးရုံအောက်တွင် အစာကောက်နေသည်။

ရှမ်းခေါက်ဆွဲဆိုင်လေးထဲသို့ ဆောင်းကို လှမ်း၀င်ကာ ထိုင်နေကြနေရာမှာ ၀င်ထိုင်လိုက်သည်။ ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ကာ စားပွဲပေါ်တင်သည်။ ဒီဆိုင်လေးသည် သူ့အတွက် မနက်စာ၊ နေ့လယ်စာ၊ ညစာတို့အတွက် အားကိုးရသည့် ဒုတိယအိမ်လေး ဖြစ်နေပြီ။

ဒီဒေသကို ရောက်ပြီးကတည်းက အစားအစာမဆင်းရဲ။ ကချင်ထမင်းဆိုင်လေးများ တွေ့လျှင် ပျော်ရသည်။ ငါးကချင်ချက်ဆိုလျှင် ပင်စိမ်းရွက်နံ့လေး မွှေးကြိုင်နေပြီး ချဥ်စပ်အရသာဖြစ်ကာ အလွန်စားကောင်းသည်။ ထို့အပြင် ခေါက်ဆွဲကြိုက်သူဖြစ်သောကြောင့် ရှမ်းခေါက်ဆွဲကို ဘယ်တော့မှ မရိုးနိုင်။ ယခုဆိုင်လေးတွင် ရှမ်းခေါက်ဆွဲအပြင် မနက်စာအဖြစ် ထမင်းကြော်ပါ ရသည်။ ဆိုင်ရှင်အဒေါ်ကြီးသည် မမေးခင်ကတည်းက ပွဲပြင်နေပြီ။

"ထမင်းကြော်နဲ့ ချိုစိမ့်ပဲလား သား"

"ဟုတ်ကဲ့ အဒေါ်"

"နေကောင်းရဲ့လား၊ မျက်နှာက မလန်းလိုက်တာ"

"ကောင်းတယ် အဒေါ်၊ ခြေထောက်တွေကိုက်နေလို့"

"မင်းလည်း ရောက်လာတုန်းက ဖြူဖြူလေး၊ အခု မည်းတော့မယ်"

တောင်တောရယ်သာWhere stories live. Discover now