ကျေးဇူးတင်စကား

6.4K 905 42
                                    

ရှေ့မှာရေးထားတာက စာအုပ်ရဲ့အမှာစာအတွက်ဆိုတော့ ဒီကျေးဇူးတင်စကားကို အွန်လိုင်းသီးသန့်အတွက် ထပ်ရေးလိုက်ပါတယ်။

မမွန် ဒီ ဇာတ်လမ်းကိုရေးတာ အကြမ်းအတွက် ခြောက်လ၊ အချောပြန်ပြင်ဖို့ တစ်လခွဲလောက် အချိန်ယူခဲ့ပါတယ်။ ရေးခဲ့သမျှထဲမှာ စာမျက်နှာ ၁၀၀ ကျော်ကျော်လောက်ပဲရှိလို့ တခြားဇာတ်လမ်းတွေထက်စာရင် အများကြီးတိုပါတယ်။ ဒါပေမဲ့ စိတ်နှစ်ကြိုးစားမှုမှာရော၊ ချစ်ခြင်းမေတ္တာမှာပါ မလျှော့ထားဘူးဆိုတာ အာမခံပါတယ်နော်။

စာအုပ်မထွက်သေးခင် အွန်လိုင်းပေါ်တင်ခွင့်ပြုတဲ့ဆရာ့ကိုရော နေ့စဥ်နေ့တိုင်း လိုက်ဖတ်ခံစားပေးကြသူ တစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်။ ကွန်မန့်တွေကိုလည်း အားလုံးပြန်ဖြေနိုင်အောင် ကြိုးစားမှာပါ။ ခံစားချက်တိုင်းအတွက်၊ အကူအညီတိုင်းအတွက် ကျေးဇူးတင်ပါတယ်နော်။ ဒီနေ့လေးတွေကို ဘယ်တော့မှ မမေ့ပါဘူးကွာ။

ဒီဇာတ်လမ်းလေးကို ဒီနေရာမှာပဲ အဆုံးသတ်ဖြစ်မှာမို့လို့ Extra မရှိတာကို တောင်းပန်ပါတယ်။ စာဖတ်သူတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်လို့ ထပ်ပြောပါရစေ။

အသစ်ရေးမယ့်ဇာတ်လမ်းလေးကို မဥ္ဇူ လို့ ခေါင်းစဥ်ပေးထားပါတယ်။ BL ရော GL ပါ မဟုတ်ပါဘူး။ ဘာပုံစံလေးလဲဆိုတာတော့ အားလုံးပြီးရင် ချပြပါ့မယ်နော့်။ ရေးရင်းနဲ့ လိုင်းပေါ်တင်သွားတာမျိုးမဟုတ်ဘဲ တောင်တောရယ်သာလို အကြမ်း၊ အချော အားလုံးစိတ်တိုင်းကျပြီးမှ တင်ဖြစ်ပါလိမ့်မယ်။ ဘယ်လောက်ကြာမလဲ မပြောနိုင်ပေမယ့် ပြန်လာမယ့်အချိန်မှာ စောင့်ပေးနေသူတွေ ရှိနေဦးမယ်လို့ မျှော်လင့်ပါရစေနော့်။

အားလုံးကိုချစ်ခင်ကျေးဇူးတင်ပါတယ်

ဘေးကင်းပျော်ရွှင်နိုင်ပါစေ

အကြင်နာမွန်

၀၉.၁၀.၂၀၂၀

တောင်တောရယ်သာWhere stories live. Discover now