Part - 1

17.9K 955 32
                                    

{ Zawgyi Version }

နွေရာသီအကုန် မိုးရာသီထဲဝင်လာပြီမို့ ပတ်ဝန်းကျင်တစ်ခွင် မိုးလေအေးလေးများတိုက်ခတ်လို့နေသည်။ငှက်ကလေးများရဲ့ တီတီတာတာအသံများနှင့် မနက်ခင်းလေးဟာ သာယာဖွယ်။

ထိုအချိန် လှေကားထစ်များပေါ်မှ လျင်မြန်စွာပြေးဆင်းလာတဲ့ခြေထောက်တစ်စုံ။

"Arr.. Jungkook.. ဘာတွေအဲ့လောက်အလောကြီးနေတာလဲ ..."

"နောက်ကျနေပြီ hyungရဲ့...ကျတော်မနက်စာမစားတော့ဘူးနော် hyung... ညနေမှပြန်လာခဲ့မယ်...သွားပြီ hyung!... "

စကားတွေကိုတစ်ယောက်ထဲအမြန်ပြောကာ အိမ်ထဲမှအပြေးထွက်သွားတဲ့ Jungkookကိုကြည့်ရင်း အကိုဖြစ်သူ Jinတစ်ယောက်ပြုံးမိလေရဲ့။ဒါက မနက်ခင်းတိုင်း ဖြစ်နေကြ သူတို့အိမ်ရဲ့အစဉ်လာလေးတစ်ခု။

Jungkookတစ်ယောက် စက်ဘီးကို ခါတိုင်းနေ့တွေထက် အမြန်နင်းနေရသည်။ဒီနေ့သူနောက်ကျနေသည်မဟုတ်လား။တော်ကြာ သူစိတ်ဆိုးသွားမှဖြင့်။သူစိတ်မဆိုးရေး Jungkookတို့အမြန်ရောက်သွားမှဖြစ်မည်။

"အား...ကျစ်!...ဒီနေ့မှကားတွေကလဲကျပ်လိုက်တာ"

မီးပွိုင့်မိ၍ စီတန်းနေတဲ့ကားတွေကိုကြည့်ရင်း Jungkook ညီးတွားမိသည်။

ထို့နောက် လျင်မြန်သောအရှိန်နှင့် သူရှိရာဆီ အမြန်ရောက်အောင် သွားရတော့သည်။

ကျယ်ဝန်းလှတဲ့ခြံကြီးနှင့်အတူ အထဲ၌ လည်းပန်းမျိုးစုံတို့ဖြင့် အလွန်လှပသည်။ခြံထဲက ဒန်းလေးက သူတို့နှစ်ယောက်ရဲ့ ငယ်ငယ်ထဲကကိုယ်ပိုင်နေရာလေးတစ်ခု။

စက်ဘီးလေးကိုတွန်းရင်း ခြံတံခါးကိုတွန်းဖွင့်ကာ ခြံထဲဝင်လာလိုက်သည်။ခဏခဏလာနေကြဖြစ်သည်မို့ ဒီအိမ်ရဲ့ဝန်ထမ်းအကုန်လုံးနှင့်ပင် သိနေလေပြီ။စက်ဘီးလေးကို ခြံထဲမှာဒေါက်ထောက်ထားခဲ့ပြီး သူရှိရာအိမ်ထဲဝင်လာခဲ့လိုက်တယ်။

"ဩော်...Jungkookတောင်ရောက်လာပြီလား"

"ဟုတ်တယ် Namjoon hyung...ကျတော်နောက်ကျနေလို့ စက်ဘီးကိုအမြန်နင်းပြီးလာရတယ်"

"မင်းကသာနောက်ကျလို့အပြေးလာတာ ဟိုကအခုထိအိပ်ယာတောင်မထသေးဘူး"

ONLY YOU { Completed }Where stories live. Discover now