Part - 6

6.2K 721 114
                                    

{ Zawgyi Version }

Shin SangKyo... မင်းကမိန်းကလေးတစ်ယောက်ဖြစ်နေပါစေ...ငါ့ချစ်ရတဲ့ Taeကိုခံစားရအောင်လုပ်ရင်တော့ ငါမင်းကိုခွင့်လွှတ်ပေးမှာမဟုတ်ဘူး...။

စားသောက်ဆိုင်ထဲတွင် ယောကျာ်းတစ်ယောက်နှင့်အတူနီးကပ်စွာထိုင်နေသော Shin...အဲ့ယောကျာ်းကသူမထက်အသက်ကြီးမည့်ပုံပေါ်သည်။ စားပွဲပေါ်ရှိ မုန့်လေးများအား တစ်ယောက်နှင့်တစ်ယောက် ကျီစယ်ရင်း ခွံ့ ကျွေးနေကြသည်မှာ မည်သူပင်ကြည့်ကြည့် သိပ်ချစ်ကြတဲ့ချစ်သူရည်းစားပုံစံပင်။ထိုယောကျာ်းက သူမ၏ခါးကိုလဲ ဆွဲဖက်ထားသေးသည့်အပြင် တစ်ခါတစ်ခါ Shin၏ပါးကိုလည်း အနမ်းပေးနေသေးတာ။

တောက်ခ်!!စောစောကမြင်ခဲ့သည့်မြင်ကွင်းများအား ပြန်မြင်ယောင်လာသည်မို့ ဒေါသများကပို၍ပင်ထွက်လာရသည်။

Shin SangKyo!!... မင်းမို့လို့ ဖြူ စင်တဲ့Taeအပေါ်ဒီလိုလုပ်ရက်ရလား! Taeကတော့ မင်းကိုအရမ်းချစ်တာ...
အခုကိစ္စတွေသာ Taeသိသွားရင် ဘယ်လောက်တောင်ခံစားရမလဲ။

ကိုယ်ချစ်တဲ့လူတစ်ယောက်က တခြားတစ်ယောက်အား ချစ်နေတယ်ဆိုသော အကြောင်းကိုသိရလျှင် ဘယ်လောက်နာကျင်ရလဲဆိုတာ Jungkook အသိဆုံးပင်။

Tae ကို သူခံစားခဲ့ရသလို မနာကျင်စေလိုပါ။

"Hyung!... Namjoon hyung..... Tae အိမ်မှာရှိလား hyung... "

"Jungkook.. ဘာဖြစ်လာတာလဲ!...အလောတကြီးနဲ့...Taeလေးခြံထဲမှာထိုင်နေတယ်လေ"

Namjoon hyungကခြံထဲမှာရှိသည်ဆိုသောကြာင့် ခြံထဲသွားကြည့်တော့ ဒန်းပေါ်မှာထိုင်ရင်း သူ့ကိုကြည့်ကာ ရယ်နေသော ချစ်ရသူ။

Taeနားသို့ တစ်လှမ်းချင်းလျှောက်သွားတိုင်း ပြောရမလား? မပြောပဲနေရမလား ? စိတ်တွေကဝေခွဲမရ နှစ်ခွဖြစ်၍လာသည်။

"Jungkook... ဘာတွေအဲ့လောက်ရေးကြီးသုတ်ဖြာဖြစ်နေတာလဲ ငါခြံထဲထိုင်နေတာတောင် မတွေ့ ပဲအိမ်ထဲပြေးဝင်သွားတာ"

Jungkook  Taeရဲ့ဘေး ဒန်းလေးပေါ်ဝင်ထိုင်လိုက်သည်။

သူဝေခွဲရခက်နေပါသည်။ဒါပေမဲ့ Taeသိသည့်သည်မဟုတ်ပါလား။

"Tae... "

"အင်း...ပြောလေ"

"မင်း Shin ကိုအရမ်းချစ်တာပဲလား"

ONLY YOU { Completed }Where stories live. Discover now