Part - 11

6.8K 675 62
                                    

{ Zawgyi Version }

Jin hyungနှင့် Namjoon hyungတို့ အတူဦးဆောင်လုပ်ကိုင်နေသည့် companyတစ်ခု၌ ပြဿ       နာ တစ်ခုဖြစ်သည်မို့ ထိုကိစ္စကိုရှင်းရင်း hyungတို့တော်တော် အလုပ်ရှုပ်နေကြသည်။ထိုအချိန်မှာပဲ တစ်နေ့ထက်တစ်နေ့အေးလာသော ရာသီဥတုဒဏ်နှင့်အတူ စိတ်ဖိစီးမှုတွေကြောင့် Jin hyung နေမကောင်းဖြစ်ပြန်သည်။

ဒါ့ကြောင့် Jungkook တစ်ယောက် နေမကောင်းဖြစ်နေတဲ့ hyungကို ဂရုစိုက်လိုက်၊အလုပ်ကိစ္စတွေကူလုပ်ပေး ကူဖြေရှင်းပေးလိုက်နှင့် တစ်နေ့တစ်နေ့ အားသည်ဟူ၍ပင်မရှိ။

အကြိမ်ပေါင်းများစွာဆက်ထားသော ချစ်ရသူ Tae၏ ph callများနှင့် messagesအား တွေ့ ပါသော်လည်း ပြန်မခေါ်မိ။video ကိစ္စနှင့်ပတ်သတ်ပြီး သူ့အပြစ်မကင်းသလိုခံစားရတာကြောင့် ရှောင်နေမိသည်။

Taeကိုသတိရတိုင်း သတိရတဲ့စိတ်တွေကို hyung ရဲ့အလုပ်ကိစ္စများနှင့်ဖြေဖြောက်သည်။သို့သော်လည်း တစ်ရက်နှင့်တစ်ရက် အိမ်သို့အပြေးသွားပြီး တွေ့ ချင်လာတဲ့အထိ လွမ်းရပါသည်။သတိရ နေရပါသည်။

ဒါတွေကိုတော့ ထိုကောင်လေးကတော့မသိ။

အခု Jin hyungလဲ နေပြန်ကောင်းပြီဖြစ်သလို companyကကိစ္စများကလည်း ပြေလည်နေပြီဖြစ်တာကြောင့် Jungkook, Taeကြိုက်သည့် စတော်ဘယ်ရီကိတ် လေးကိုဆိုင်မှဝယ်ကာ ချစ်ရသူ၏အိမ်သို့လာခဲ့လိုက်သည်။

သူနှင့် Taeမတွေ့ ရသည်မှာ တစ်ပတ်ပင်ကျော်ပြီ။တွေ့ တာနဲ့ လွမ်းခဲ့ရတဲ့နေ့ရက်တွေကိုအတိုးချပြီး တင်းတင်းကျပ်ကျပ်ဖက်ထားချင်လိုက်တာ Taeရယ်...

Jungkookကိုယ့်အတွေးနဲ့ကို သဘောကျစွာပြုံးရင်း လျှောက်လာသည်မှာ Taeတို့ခြံနားပင်ရောက်နေခဲ့ပြီ။

သို့သော်လည်း ခြံထဲ၌ မတ်တပ်ရပ်ကာ စကားပြောနေကြသည့် Tae နှင့် Shin SangKyo...!

သူကဘာကိစ္စကြောင့် Taeနဲ့လာတွေ့ နေတာလဲ?Taeကိုဘာတွေဒုက္ခပေးဦးမလို့လဲ!!

ခြေလှမ်းတွေအား အရှိန်တင်ကာ Taeတို့ဆီအသွား...Shin SangKyoမေးလိုက်သည့် အမေးစကား တစ်ခွန်းကြောင့်  Jungkookခြေလှမ်းတွေတိကနဲ ရပ်တန့်မိသည်။

ONLY YOU { Completed }Where stories live. Discover now