Part - 10

6.9K 688 59
                                    

{ Zawgyi Version }

ရောင်စုံမီးလုံးများနှင့် ဆူညံလှသောသီချင်းသံများဖုံးလွှမ်းနေသော ဤနေရာ။သံချင်းသံနှင့်အတူ ကခုန်နေသောသူများမှာလည်း အများအပြား။

တစ်တန်းထဲသားချင်း Jay ၏ မွေးနေ့ပါတီပွဲဖြစ်သည်မို့ ကလပ်အတွင်းရှိသူများက မသိသူမရှိ။အများစုက အတန်းထဲကလူတွေချည်းသာ။

"Jungkook.. မင်းအရမ်းမသောက်နဲ့နော်"

"ဘာလို့လဲ..."

"ဟာ...ပြန်ရင်ငါ့ကိုလိုက်ပို့ရမှာလေ...မင်းကမူးနေလို့ဘယ်လိုလုပ်ဖြစ်မှာလဲ!"

Taehyung ၏စကားအား Jungkook ပြန်လည်တုံ့ပြန်ခြင်းမရှိ။

သူကအရမ်းမသောက်နဲ့ဆို ကိုယ်ကလည်းလျှော့သောက်ရမှာပေါ့...။သူ့စကားကိုဆို ဘယ်တော့ကမှ မငြင်းပယ်ခဲ့ဖူးတာ။

"Jimin!.... မင်းလဲမူးအောင်မသောက်နဲ့ အပြန်ငါ့ကိုလိုက်ပို့"

"ငါကမင်းကိုဘာလို့လိုက်ပို့ရမှာလဲ!...စာမေးပွဲပြီးတဲ့နေ့မို့ငါ့အဝသောက်မှာ ဘာမှလာမပြောနဲ့!"

ပြောပြီး Jimin တစ်ယောက် ခွက်ထဲရှိ ဘီယာအားမော့သောက်လိုက်သည်။

"Jiminမင်းကလေ ...ဟိုမှာ Jungkook ဆို Taehyung ကမူးအောင်မသောက်နဲ့ဆို ဘာမှပြန်မပြောဘူး..."

"အေး!...ငါက Jungkook မှမဟုတ်တာ...ငါက Park Jimin လေ!..."

မတည့်အတူနေဆိုသည့်အတိုင်း တွေ့ လိုက်တိုင်းရန်ဖြစ်နေသည့် Jimin နှင့် Hoseok...။အခုလည်း အရှေ့မှထိုင်၍ ကလေးမဟုတ် စကားနိုင်လုနေသော နှစ်ယောက်အားကြည့်ရင်း Jungkook နဲ့ Taehyung တို့သဘောကျစွာ ရယ်နေမိသည်။

ထိုအချိန် ကောင်မလေးတစ်ယောက်ရောက်လာကာ သူတို့ဝိုင်းအား ဝိုင်ခွက်လေးများချပေးသွားသည်။

"Jay တို့ကတော့မိုက်တယ်ကွာ...မွေးနေ့ပါတီကို အကြီးအကျယ်လုပ်တာ...သောက်စရာတွေလဲစုံလို့..."

"မိုက်မှာပေါ့...သူရဲ့အဖေက တစ်ကယ့် သူဌေးကြီးပဲကို"

သူတို့လေးယောက်လဲ စကားလေးပြောလိုက် ဝိုင်လေးသောက်လိုက် ရယ်လိုက်မောလိုက်ဖြင့်...။Jungkook အားသိပ်မသောက်နှင့်ဆိုကာ Jungkook ၏ဝိုင်များအား Taehyungကယူသောက်သေးသည်။

ONLY YOU { Completed }Where stories live. Discover now