Part - 5

6.6K 692 82
                                    

{ Zawgyi Version }

လူသားတိုင်းတော့ အချစ်နဲ့မကင်းကြဘူးမလား...တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ချစ်ခြင်း ပုံစံများဖြင့်ချစ်ကြသည်။ကျွန်တော်လည်း သူ့ကိုချစ်ပါသည်။

✨✨✨✨✨✨

ပြာလဲ့နေသော ကောင်းကင်ကြီးအောက် ခြံထဲရှိ ဒန်းလေးပေါ်တွင်ကောင်လေးနှစ်ယောက်ထိုင်ကာနေသည်။

"Jungkook..... မင်း Yoonhae ကိုကြိုက်နေတာလား..."

ပန်းကန်ထဲရှိ နီရဲရဲ စတော်ဘယ်ရီသီးလေးအား လှမ်းယူလိုက်ရင်း Jungkookအားမေးလိုက်သည့် Tae...

"............"

"အေးပေါ့လေ...မင်းလဲ အခုဆို အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်နေပြီပဲ...တစ်ယောက်ယောက်ကိုချစ်နေတာမဆန်းပါဘူး"

လက်ထဲကိုင်ထားသည့် စတော်ဘယ်ရီ သီးလေးအား ပါးစပ်ထဲထည့်လိုက်ကာ ဆူပုတ်နေသောမျက်နှာထားဖြင့် စားနေသည့် Taeကိုကြည့်ရင်း Jungkook တစ်ယောက် သဘောကျစွာရယ်လိုက်မိသည်။

"Tae ကဘယ်လိုထင်လို့လဲ? Yoonhaeကိုကြိုက်နေတယ်ဆိုရင်ရော-"

"ကြိုက်ပေါ့...ငါဘာမှမပြောပါဘူး...ဒါပေမဲ့ မင်းသာ သူနဲ့ရည်းစားဖြစ်သွားရင် ကျောင်းသွားရင် အရင်လိုငါ့ကို စက်ဘီးနဲ့လာကြိုမှာမဟုတ်တော့ဘူး...ပြီးတော့ ငါ့တို့သူငယ်ချင်းတွေနဲ့လဲ မင်းကအတူရှိပေးနိုင်မှာမဟုတ်တော့ဘူး ...အင်းးး...အဲ့တာတွေတွေးကြည့်လိုက်တော့ တစ်မျိုးကြီးပဲ"

"Tae ရယ် လျှောက်တွေးမနေနဲ့...ငါကဘယ်ကောင်မလေးကိုမှမကြိုက်ဘူး...ပြီးတော့ စိတ်ချ Kim Taehyungဆိုတဲ့မင်းကို ကျောင်းသွားရင် စက်ဘီးနဲ့ ဝင်ခေါ်ရမှာက ဒီက Jeon Jungkookရဲ့တာဝန်ပဲလေ..."

"တကယ်လား ဒါဆို ကတိပေး..."

ကတိပေးဆိုကာ လက်သန်းနဲ့လက်မလေးကိုထောင်ပြကာ ပြောလာလေတော့ Jungkookလဲ Taeရဲ့လက်သန်းသွယ်သွယ်လေးအား ချိတ်လိုက်ပြီး လက်မလေးအားထိကာ ကတိပေးလိုက်သည်။

တစ်သတ်လုံး ...တစ်ဘဝလုံးစာအတွက် ကတိပေးပါတယ်။Tae တစ်ယောက်ထဲကိုပဲ မြတ်မြတ်နိုးနိုးချစ်သွားပါ့မယ်...

ဒါပေမဲ့......

မင်းတောင်းခဲ့တဲ့ ကတိ ကို မင်းကိုယ်တိုင်ပဲ ဖျတ်ခဲ့တယ်နော်။ကျောင်းသွားတိုင်း စက်ဘီးလေးနဲ့လာကြိုရမဲ့သူက အသင့်ရှိနေပေမဲ့ ထိုစက်ဘီးနဲ့လူသားကို ကြိုဆိုမဲ့ကောင်လေးကတော့ မရှိခဲ့ဘူးရယ်။

ONLY YOU { Completed }Where stories live. Discover now