အခန်း ( ၄ )

164 14 0
                                    

~~ ဗညားနွဲ့ အရှင့်သား၏ လက်ရွေးစင် သွေးသောက် အဖွဲ့ဝင် စောသံမုံ ~~

ဟံသာဝတီ နန်းတွင်းရေးသည်ကား သပွတ်အူပမာ ရှုပ်ထွေးလျက်ရှိသည်။ မွေးဖွားစဉ်က လျှာမှာ အစက် ပါသဖြင့် ''အဗသုန်'' ဟု ငယ်နာမည် ပေးခဲ့သော မင်းသား ဗညားနွဲ့ကို ခမည်းတော် ဆင်ဖြူ ရှင် ဗညားဦးက မကြည်ဖြူ ပေ...။

မင်းသားအား မွေးပြီးမကြာမီ မယ်တော် ဆုံးသွားရသည်ကော၊ အရွယ်ရောက် ကြီးပြင်းလာပြန်တော့လည်း ဖအေတူ၊ မအေကွဲ ညီမတော် တလမေဒေါ နှင့် ချစ်ကြိုက်နေသည့် သတင်း တို့ကြောင့်ကော ခမည်းတော်က မျက်နှာသာ မပေးချိန်တွင် နန်းတွင်းမှ လူအများတို့ကလည်း အရှင့်သားကို မခန့်လေးစား လုပ်လာကြသည်..။

မိမိ နှစ်သက်လိုလားသော ဗညားနွဲ့ အရှင့်သား၏ သတင်းတို့ကို မြို့စောင့်တပ်ထဲမှာပင် လူပြော၊ သူပြောတို့ကြောင့်  စောသံမုံ ကြားသိ နေရသည်။ ခမည်းတော်၏ အမျက်ထားမှုကြောင့် နန်းတွင်း၌ အရှင့်သား မျက်နှာငယ်နေရသည်ကို ကြားရသော် စိတ်မကောင်းပေ။

ထို့ကြောင့် အရှင့်သားမှ လက်ရွေးစင် သွေးသောက် လူ စုနေကြောင်း မင်းယောဇာ ပြောလာသည်နှင့် နှစ်ခါ မစဉ်းစားဘဲ စာရင်းပေးလိုက်ခြင်းပင်....။ သို့သော်ငြား အဘယ်ကိစ္စ အတွက် လူစုနေသည်ကို သိလိုသဖြင့် မင်းယောဇာကို မေးမိပြန်သည်။

" မင်းယောဇာ...၊ အရှင့်သားက ဘာများ အကြံအစည်ရှိလို့ သွေးသောက် လက်ရွေးစင် စုနေရတာတုန်းကွ? "

" မင်း အရှေ့သား ရှေ့မှောက် လိုက်မယ် မို့လား? အခုပဲ ခေါ်သွားမယ်လကွာ။ ရှေ့တော်မှောက် ရောက်တော့မှ မင်းကိုယ်တိုင် အရှင့်သားကို မေးပါလေ့..။ ငါတို့ကတော့ ဘာရယ်လို့ ပြောပိုင်ခွင့် မရှိဘူး မောင်၊ သစ္စာရေ သောက်ထားသကွ....."

" ကောင်းပကွာ။ အခု သွားကြစို့! "

မင်းယောဇာက စောသံမုံကို ဗညားနွဲ့မင်းသား ၏ အဆောင်တော်ကို ခေါ်သွားပေးသည်။ အရှင့်သားက အဆောင်တော်မှာ မရှိ၊ ဆင်ကျုံးသို့ ရောက်နေသည် ဆိုသဖြင့် ဆင်ကျုံး သို့ လိုက်သွားကြပြန်သည်။

မွေ့ကေသာ / မွေ့ကေသာ [ Uni/Zawgyi]Where stories live. Discover now