အခန်း ( ၉ )

192 10 0
                                    

~~ ဟံသာဝတီ နန်းတွင်းကို ကျုပ်နဲ့အတူ လိုက်ခဲ့နိုင်မလား ကေသာ? ~~

တလမေသီရိ မင်းသမီးနှင့် သမက်တော် သမိန်မရူးတို့သည် အရီးတော် မဟာဒေဝီအား ဂရဝပြုပြီးနောက် ဗညားနွဲ့ အရှင့်သားနှင့် ကြင်ရာတော် မင်းသမီးတို့ရှိရာ သီးသန့်အဆောင်တော်သို့ တူစုံတွဲ၍ လျှောက်လာကြလေသည်။ နန်းတွင်းအစေခံတို့ကလည်း နှုတ်ဆက် ဂါရဝပြုချိန် ကန်တော့ရန် ရတနာပစ္စည်းပေါင်းစုံကို ကိုင်ဆောင်လျက် သမက်တော်တို့အတွဲအနောက်မှ တသီတတန်းကြီး လိုက်ပါလာလျက်....။

သီးသန့် အဆောင်တော် အတွင်းမှာတော့ ဗညားနွဲ့ အရှင့်သားသည် စောသံမုံ၏ လျှောက်ထားချက်ကို နားထောင်ပေးနေသည်။

" အရှင့်သား၊ ကျွန်တော်မျိုး စောသံမုံဟာ  ပန်းသည်မလေး မွေ့ကေသာကို မေတ္တာရှိမိနေပါတယ် ဘုရာ့း။ အကယ်၍များ အရှင့်နားက ခွင့်ပြုချက်ရခဲ့ရင် သူမကို နန်းတွင်းထဲ ခေါ်လာချင်ကြောင်းပါ "

" အင်းးး........စောသံမုံ.. စောသံမုံ... မင့်တောင် အမြီးပေါက်လာပါကောလား " အရှင့်သားကား ပြောပြောဆိုဆိုဖြင့်ပင် သဘောတကျဖြင့် တဟားဟား အော်ရယ်လေတော့သည်။

ဘေးနားမှာ ရှိနေသော ကြင်ရာတော် တလမေဒေါ မင်းသမီး၊ အထိန်းတော်ကြီး အဒေါကုန်း နှင့် စောသံမုံ့ သွေးသောက် မင်းယောဇာ တို့ကပါ သဘောတကျဖြင့် ရယ်ကသည်။ စောသံမုံခမျာလည်း ရှက်ရယ် ရယ်မိပြန်တော့ နန်းဆောင်အတွင်းမှာ ရယ်သံတို့ လှိုင်လှိုင်ဝေလျက်.....။

ထိုစဥ်မှာပင် " သမက်တော်နဲ့ မင်းသမီးတို့ အကြင်လင်မယားမှ ဗညားနွဲ့ ကိုယ်တော်​ကြီးနှင့် ကြင်ရာတော်တို့အား လာ​ရောက်ဖူးတွေ့ကြောင်းပါဖျာ့ " ဟု တံခါးစောင့် အထိန်းတော်ကြီးက အကြောင်းကြားလာချိန်တွင် အစောဏက ရယ်သံတို့မှာ တိခနဲ ရပ်ကျသွားလေသည်။

ဗညားနွဲ့ အရှင့်သားက တည်ကြည်သော မျက်နှာထားဖြင့်......

" စောသံမုံ၊ မောင်မင်းရဲ့ မွေ့ကေသာကို သူ့ဆန္ဒပါရင် နန်းတွင်းထဲ ခေါ်ခဲ့ချေ။ မင့်တို့အတွဲကို ကြည့်ရှုပေးဖို့ ကိုယ်တော့်မှာ တာဝန်ရှိပေတယ်။ အဒေါကုန်း.. စောသံမုံနဲ့ လိုက်သွားပြီး လိုအပ်တာတွေ ပြင်ဆင်ပေးလိုက်ပါကွယ်။ "

မွေ့ကေသာ / မွေ့ကေသာ [ Uni/Zawgyi]Where stories live. Discover now