အခန်း ( ၇ )

154 9 2
                                    

~~ မနီးစပ်ကြသေးခင်မှာပင် လွမ်းနှင့်ရ​လေပြီ ~~

စောသံမုံ၏ အချစ်စကားတို့ ကြားရအပြီးနောက်ပိုင်း မွေ့ကေသာသည် သူ့ကို ရင်ဆိုင်ဖို့ ရှက်မိနေသည်။ တစ်နေ့တွင် မိမိအား ချစ်ခွင့်ပန်လာမည်မှန်း မိန်းကလေးတို့သဘာဝစိတ်ဖြင့် ကြိုသိနေသော်လည်း အနှီ​​ယောကျာ်းပျိုက ရုတ်တရက် ဖွင့်ဟလာတော့ ​ကေသာ့ခမျာ စိတ်လှုပ်ရှားကာ အယောင်ယောင် အမှားမှား ဖြစ်သွားမိသည်ပင်.......။

ညနေခင်းအချိန် သူဖွင့်ပြောလာပြီးနောက်ပိုင်း မွေ့ကေသာကား ညဖက်အထိ မိမိအခန်းထဲမှ မထွက်ဖြစ်တော့​။ စောသံမုံကလည်း သူရှက်နေမှန်း သိရော့ထင့်...၊  အရင်လို စကားစမြည်လာပြောဖို့ မကြိုးစားပေ........။

ပတ်ဝန်းကျင်မှ လူကြီးတွေကတော့ ထုံးစံအတိုင်း ညချမ်းအချိန်ဆို စောသံမုံနဲ့ ရေနွေးကြမ်းဝိုင်းဖွဲ့ကြမြဲ။ စောသံမုံ ပြောပြတတ်သည့် နန်းတွင်းရေးတို့ကို နားထောင်ကြ​ပြီး ယောကျ်ားတို့ ဘာသာဘာဝ...  နိုင်ငံရေး၊ ပြည်ထဲရေးအကြောင်း ဆွေးနွေးတိုင်ပင်ကြမြဲ.......။

ရွာဦးကျောင်းမှ ဘုန်းတော်ကြီး ဥူးပညာစာရ က စောသံမုံတစ်ယောက် မြို့စောင့်တပ်သားဘဝကနေ  ဘယ်လိုလုပ် ဒဏ်ရာရလာပြီး ​ဒီရွာမှာ သောင်​တင်နေတဲ့အကြောင်း သိချင်ကြောင်းမေးလာသည်။

" တကာကြီး စောသံမုံ.... ဘဇာကြောင့် ဒဏ်ရာရပြီး ဒီရွာကို ရောက်ခဲ့တာတုန်း ကွဲ့? "

တခြား ရပ်ရွာလူကြီးတွေကလည်း ဒီအကြောင်းကို သိလိုသဖြင့် ဆရာတော် အမေးမှာ ဝင်ပြီး သူတို့လည်း သိချင်ကြကြောင်း ထောက်ခံကြတော့ စောသံမုံကား နောက်ကြောင်းပြန် ပြောပြရတော့သည်.........။ 

" ဒီလိုပါ ဘုရာ့းး......၊ တပည့်တော်က အရှင့်သား ဗညားနွဲ့ရဲ့ လူယုံတပ်သားအဖွဲ့ထဲ ပါတော့ အ​ရေးပါလောက်တဲ့ တချို့သတင်း ကိစ္စတွေကို စုံစမ်းပြီး အရှင့်သား နားတော်မှောက် ပြန်သွင်းပေးရပါတယ် ဘုရား။

မြို့စောင့်တပ်မှာ တာဝန်ကျတော့ကျ သတင်း​တွေက စုံတယ်လေ။ မြို့ထဲ ဝင်၊ ထွက်ကြတဲ့ လူတန်းစားအစုံ ပြောစကားတွေကို စနည်းနားပြီး လိုအပ်တဲ့ အချက်အလက်တွေကို သွေးသောက်အဖွဲ့ဆီ သတင်းပို့ပေးရပါတယ်။ ဒီလိုနဲ့ပဲ အဋ္ဌျင့်သားရဲ့ ယုံကြည်မှုကို ပိုပြီးရလာခဲ့ပါတယ်.......။ "

မွေ့ကေသာ / မွေ့ကေသာ [ Uni/Zawgyi]حيث تعيش القصص. اكتشف الآن