Part 11
"အဝတ်အစားပြန်ဝတ်ထားပါ "
ဝမ်ယွမ်ငိုနေရင်းကနေ အဝတ်အစားပြန်ဝတ်ပြီး
ဒူးထောက်လိုက်သည်။" အဟင့်..ဟင့် ကျွန်တော်မျိုးရဲ့အစ်မတော်သေသွားတာကြောင့်ပါ အစ်မတော်ကိုမဆက်သနိုင်ရင် မင်းပြစ်မင်းဒဏ်သင့်မှာစိုးတာကြောင့်
အစ်မတော်နေရာမှာ ကျွန်တော့်မျိုးအစားဝင်ခဲ့မိတာပါ ""ဘုရင်ကိုလိမ်လည်တဲ့အပြစ်ကပိုကြီးမားတာ
ဝမ်လေးမသိဘူးလား ""အဟင့်.. ဟင့် ကျွန်တော့်မျိုးကိုပဲသတ်ပါ အဖေကိုမသတ်ပါနဲ့ အပြစ်ရှီတာ ကျွန်တော့်မျိုးတစ်ယောက်တည်းပါ ကျွန်တော့်မျိုးရဲ့ နောက်လိုက်တွေကိုလည်း မသတ်ပါနဲ့..တောင်းပန်ပါတယ်မင်းကြီး မသတ်ပါနဲ့နော် "
ရှိုက်ကြီးတငင်ငိုပြီး လက်နှစ်ဖတ်ကိုပွတ်ကာတောင်းပန်နေတဲ့ ဝမ်လေးနားလာပြီး
ဖက်ထားလိုက်သည်။
ကိုယ့်ကိုယ်တိုင် လွတ်ဖို့မပြောပဲ ဆွေမျိုးတွေ
လွတ်ငြိမ်းချမ်းသာဖို့ တောင်းဆိုလေရဲ့။"အရှင့်! "
သူ့ကိုဖက်ထားပြီးကျောကိုပုတ်ပေးတဲ့
မင်းကြီးကြောင့်
ဝမ်ယွမ်အံသြကာ ခေါ်လိုက်မိသည်" မငိုပါနဲ့ ကိုယ်တော်ရင်တွေနာနေပြီ မငိုနဲ့တော့နော် "
ဝမ်လေးမျက်ရည်ကိုသုတ်ကာပြောလိုက်သည်
"ကျွန်တော့်ကိုပဲ သတ်ပါနော် "
"အအလေး ကိုယ်တော့်ကမင်းကို
ဒီလောက်ချစ်တော်မူတာ
ဘာလို့သတ်ရမှာလဲ "" အရှင်မင်းကြီးကိုလိမ်ခဲ့လို့လေ
ပြီးတော့ကျွန်တော့်မျိုးက ယောက်ကျားလေး "" အင်းလိမ်တဲ့အပြစ်ကအရမ်းကြီးတယ်။ မယ်တော်သိသွားရင် ဝမ်လေးဘယ်လောက်တောင်းပန်တောင်းပန် မယ်တော်ကခွင့်လွှတ်မှာမဟုတ်ဘူး
ဆွေစဥ်မျိုးစက်ခုနှစ်ဆက်လုံးသတ်ခံရမှာ "ဝမ်လေးရှိုက်ကြီးတငင်နဲ့ ထပ်ငိုပြန်သည်။ ကိုယ်တော်
ဝမ်လေးကြောက်အောင် ခြောက်လန့်တာမဟုတ်ပေ။" မငိုနဲ့ ဝမ်လေးဆက်ပြီးဟန်ဆောင်ရမယ် တစ်သက်လုံး ကိုယ်တော်ဘေးမှာ ကြင်ယာတော်ဝမ်ယင်အဖြစ်နဲ့နေပေးရမယ် "