Part 6

14K 1.2K 34
                                    

Part 6

" မင်းကြီး ညီလာခံသွားဖို့
အဆင့်သင့်လုပ်ရပါတော့မယ် "

  ရန်ရှင်းဝတ်ရုံလဲပြီး အိပ်နေတဲ့ ဝမ်လေးကိုပဲထိုင်ကြည့်နေမိသည်။

" သူအိပ်ရေးမက်တယ်လို့ မထင်ဘူးလား "

" အိပ်နေတဲ့ကြင်ယာတော်မျက်နှာကိုကြည့်တိုင်း မင်းကြီးရဲ့နှစ်ခြိုက်တဲ့မျက်နှာကို ကျွန်တော်တွေ့နေရတယ် "

အားနင်ဆိုလိုက်သည်။

" အင်း "

" ကြင်ယာတော်ကိုအယုံသွင်းပြီးပြီလား မင်းကြီး "

" အင်းလုပ်ဆောင်ချက်အောင်မြင်ပါတယ်  "

မင်းကြီးပြောပြီးထရပ်ကာ

"ဝူတန်ကိုခေါ်ပြီး  ကြင်ယာတော်ကိုစောင့်ရှောက်ပါ ကြင်ယာတော်က တစ်ပါးသူကြောင့် ဒဏ်ရာရတာ ငါမလိုချင်ဘူး သူရဲ့ဆံခြည်မြည်တစ်မျှင်တောင်
ဘယ်သူ့မှထိခွင့်မပေးနိုင်ဘူး "

" အမိန့်တော်တိုင်းပါ အရှင်မင်းကြီး "

🕌

ဝမ်ယွမ်နိုးနိုးချင်း ကိုယ့်နန်းဆောင်ကိုပြေးအလာ

" ဘာလို့ပြေးလွှားနေတာလဲ "

  အသံကြားလို့နောက်လှည့်ကြည့်လိုက်တော့ မယ်တော်နဲ့ နောက်ကနန်းတွင်းသူတွေ တွေ့တာနဲ့ ဒူးထောက်လိုက်သည်။

"စူးရင်း ကြင်ယာတော်ကိုလန့်အောင်မအော်ရဘူးလေ "

" မှားသွားပါတယ်မယ်တော်ကြီး "

" ဒူးထောက်စရာမလိုပါဘူး ကလေးရယ် "

မယ်တော်ကသူ့ကိုထူပေးတာနဲ့ သူထရပ်လိုက်သည်။ သူ့ကိုပြုံးပြတဲ့ မယ်တော်ကို သူပြန်ပြုံးပြလိုက်သည်။

" ကျွန်မတောင်းပန်ပါတယ်မယ်မယ်
မိဖုရားကြီးဆီသွားနှုတ်ဆက်ရမှာမို့လို့ပါ။
ကျွန်မနန်းဆောင်ကို မြန်မြန်သွားပြီး
ပြင်ဆင်ရမှာမို့ ပြေးသွားမိတာပါ "

" ကြင်ယာတော်တစ်ပါးဖြစ်ပြီး နောက်ကခစားတဲ့ နန်းတွင်းသူမပါပဲ တစ်ယောက်တည်းပြေးသွားနေတာ ရုပ်ပျက်တယ် "

အထိန်းတော်စူရင်းက ထပ်မံပြောဆိုနေ၏

" စူရင်း! "

ရှင်ဘုရင်ရဲ့ကြင်ယာတော်Where stories live. Discover now