Part 12

14.3K 1.3K 49
                                    

Part 12

" မင်းကြီး ဝမ်အမတ်ကြီးရောက်လာပါပြီ "

" ခေါ်ခဲ့လိုက် "

"အမိန်တော်တိုင်းပါ "

ဝမ်မင်ဟုန် မင်းကြီးခေါ်တာနဲ့ နန်းဆောင်ကို
ချက်ခြင်းရောက်လာပြီး မင်းကြီးကို ဂရဝပြုလိုက်သည်။

" မင်းကြီးသက်တော်ရာကျော်ရှည်ပါစေ  "

" ကိုယ်တော်ကတော့အသက်ရှည်နိုင်ပေမဲ့
ခင်ဗျားကတော့ အသက်မရှည်နိုင်တော့ဘူး "

"မင်းကြီး "

ဝမ်အမတ်ကြီး ဒူးထောက်ထားပြီး ခေါင်းငုံနေမိသည်။

" ဝမ်ယွမ်..ကြင်ယာတော်နာမည်ကဝမ်ယွမ် "

မင်းကြီးစကားကြားပြီး ဝမ်အမတ်ကြီး
တုန့်လှုပ်ခြောက်ခြားသွားမိသည်။

"မင်းကြီး ကျွန်တော့်မျိုးသေသင့်ပါတယ်
ကျွန်တော်မျိုးကို ခွင့်လွှတ်ဖို့မတောင်းဆိုရဲပါဘူး။ သားတော်..သားတော်က ဘာမှမသိပါဘူး ကျွန်တော့်မျိုးခိုင်းလို့လုပ်ရတာပါ ကျွန်တော့်သမီးရုတ်တရက် ဆုံးသွားတဲ့ အကြောင်းကို ကျွန်တော်စုံစမ်းပေမဲ့ စုံစမ်းလိုမရခဲ့ပါဘူး "

"ငါကိုယ်တော်မြတ်ကိုမလိုချင်လို့
သတ်သေသွားတာမဟုတ်ဘူးလား "

"မဟုတ်ပါဘူး..မဟုတ်ပါဘူး အရှင်မင်းကြီး "

"မယ်တော်သိရင် ဝမ်ယွမ်အသက်ကိုလည်း
အာမခံလိုမရနိုင်ဘူး "

"ကယ်တင်ပေးပါ ဖြူစင်တဲ့ကလေးငယ်လေးကို ကျေးဇူးပြု၍ ကယ်တင်ပေးပါ ကျွန်တော့်တို့တစ်မိသားစုလုံး ငြိမ်ချမ်းစွာ အဆိပ်သောက်ပြီး
သေပေးပါမယ် "

   ဝမ်အမတ်ကြီး သားတော်အတွက်အသနားခံတော့ မင်းကြီးပြုံးကာဆိုလိုက်၏

"ကောင်းတယ်! "

" မင်းကြီး "

အားနင်မင်းကြီးကိုခေါ်လိုက်ပြီး ခေါင်းရမ်းပြသည်။

" ကြင်ယာတော်ဘာမှမဖြစ်ဖို့ဆို ခင်ဗျားတို့အားလုံး လူသေလိုနေပေးရမယ် "

" ကျွန်တော်မျိုး..ကျွန်တော်မျိုးလက်ခံပါတယ် သားတော်သာအသက်ရှင်မယ်ဆိုရင် ဘယ်လိုသေချင်မျိုးပဲ လာပါစေ ကျေနပ်စွာ လက်ခံပါမယ် အရှင်မင်းကြီး "

ရှင်ဘုရင်ရဲ့ကြင်ယာတော်Where stories live. Discover now