Part 38

7K 656 33
                                    

Part 38

"မယ်တော်ကို ဂါရဝပြုပါတယ် "

  မယ်တော်ကဘေးကလူတွေကို မင်ရန်ရှင်း
ကြည့်လိုက်တော့ ကိုယ်တော်ကို ဂါရဝပြုပြီး အကုန်လုံး အပြင်ကို တိတ်တဆိတ်ထွက်သွားကျသည်။

"ထိုင်ပါ သားတော် "

"အပြစ်ရှီတဲ့သူကကျွန်တော်ဖြစ်တာကြောင့် ကျွန်တော်ဒီအတိုင်းပဲ  ဒူးထောက်ခစားပါမယ်
မယ်မယ် "

" သားတော်အပြစ်သိပ်ရှီတာပေါ့
အယောင်ဆောင်တစ်ယောက်ကို
ဖုန်းကွယ်ပေးထားတဲ့ အပြစ် "

"ဖုန်းကွယ်ထားတာမဟုတ်ပါဘူး ဒီလိုဖြစ်အောင် ကျွန်တော်ကိုယ်တိုင် ကြိုတင်ကြံစဥ်ထားတာပါ "

"ဘာ! "

" ယွီမြို့ကအပြန် ဝမ်ယွမ်ကိုတွေ့ခဲ့တယ်
မြင်မြင်ချင်းချစ််မိလို့ စုံစမ်းလိုက်တော့
ဝမ်အမတ်ကြီးရဲ့အိမ်ကဖြစ်နေတယ်။
ဝမ်အမတ်ကြီးမှာ သားတစ်ယောက်
သမီးတစ်ယောက်ရှီခဲ့တယ်။ အဲ့ဒါကြောင့် မယ်တော်ကြင်ယာတော် ရွေးချယ်မယ်ပြောတော့
ကျွန်တော်ဝမ့်အမတ်ကြီးရဲ့ သမီးကိုရွေးချယ်ဖို့ ထောက်ခံခဲ့တယ်  "

"သမီးအစား ဘယ်လိုလုပ်အယောင်ဆောင်
ကောင်လေးက ရောက်လာတာလဲ "

" ကြင်ယာတော်သွားမခေါ်ခင် ညမှာ ဝမ်ယင်နဲ့တွေ့ခဲ့ပြီး ဆွေးနွေးပေမဲ့ ဝမ်ယင်လန့်ဖျန့်ကာ ရေထဲပြုတ်ကျသွားတယ် ကျွန်တော့် ပြုတ်ကျခဲ့တဲ့ ဝမ်ယင်ကို
မကယ်ခဲ့ပဲလှည့်ထွက်လာခဲ့တယ်  "

" ဘာ!  မင်းကြီးတစ်ယောက်ဖြစ်ပြီး ဘယ်လိုလုပ်..မင်း ငါမွေးထားတဲ့ သားတော်မှဟုတ်ရဲ့လား "

ဟွာမယ်တော်ကြီး ကြားလိုက်ရတဲ့စကား
နားဝမှာမချမ်းသာတဲ့အပြင် အံသြတုန့်လှုပ်နေမိသည်။

"ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုမသိတော့ဘူး
ဘာကြောင့် ဒီလိုရူးသွပ်သွားရလဲဆိုတာ "

" အဲ့တော့ မိန်းမချောချောနေတဲ့
ဒီကောင်လေးမရှီမှ နားအေးမယ် "

"မလုပ်ပါနဲ့မယ်မယ် မယ်မယ်သူ့ကိုသတ်လိုက်ရင် ကျွန်တော်မျိုးကိုပါ သတ်ပြီးသားဖြစ်သွားမှာ "

ရှင်ဘုရင်ရဲ့ကြင်ယာတော်Where stories live. Discover now