Part 41

7.2K 650 25
                                    

Part 41

"သားတော်လေး မယ်မယ်ဆီလာပါအုန်း "

  ဝမ်ယွမ်သားတော်လေးလက်ကိုကိုင်ကာ
ပြောလိုက်သည်။

"မယ်မယ်က ဒီမှာ...မယ်မယ် "

ရှင်းမိဖုရားကြီးကိုသွားဖက်နေတဲ့ သားတော်လေးကို ရှင်ဘုရင်က ဝင်ရောက်ပွေ့ချီလိုက်သည်။

"ပါ..ပါး "

မင်ရန်ရှင်းသားတော်လေးကိုနမ်းလိုက်ပြီး

" ဒီအတောတွင်း သားတော်လေးကို မိခင်တစ်ယောက်လို့ စိတ်ရင်းအမှန်နဲ့ ပြုစုစောင့်ရှောက်ပေးလို့ ရှင်းမိဖုရားကြီးကို ကျေးဇူးတင်ပါတယ် "

"ကျေးဇူးတင်စရာမလိုပါဘူး အရှင် သားတော်လေးကို ဒီအတောတွင်း ကျွန်မဘယ်လောက်တောင်ပြုစုယုယပြီး ဂဂရုစိုက်ခဲ့တယ် အရှင်အသိဆုံးပါ "

"အဲ့ဒီအတွက်ကျွန်တော်က ကျေးဇူးတင်ပါတယ် နောက် ကျွန်တော့်သားလေးနဲ့ မပတ်သတ်ပါနဲ့ "

"အရှင်! "

ဝမ့်ယွမ်ပြောလိုက်တော့ ရှင်းမိဖုရားကြီး အရှင့်ကို အသနားခံမျက်လုံးနဲ့ကြည့်နေသည်။

" ဒီသုံးနှစ်အတွင်းသားတော်လေးကိုလွမ်းနေတဲ့
ဝမ်ကြင်ယာတော်ကို ရှင်းမိဖုရား
မင်းကပဲ နားလည်ပေးလိုက်ပါ "

"သွားရအောင် အရှင် "

" အင်း "

အဆောင်ရောက်တော့ ဝမ်ယွမ် သားတော်လေးကိုကြည့်ကာ ချစ်မဝဖြစ်နေသည်။ ဖြူဖွေးနေသော ပါးဖောင်းဖောင်း ပန်းရောင်းသန်းနေတဲ့ နှုတ်ခမ်းတစ်စုံက သူနဲ့တူနေပြီး မျက်ခုံးကောင်းတာက အရှင်နဲ့တူသည်။ မျက်တောင်လေးတွေရှည်တာကျတော့
သူနဲ့တူသွားပြန်သည်။

"သားတော် "

သားတော်လေးက သူကိုကြည့်နေတဲ့ ဝမ်ယွမ်ကို မျက်တောင်မခတ်ပြန်ကြည့်သည်။

"ပါပါး..ပါပါး "

" ဒါ သားတော်လေးရဲ့ မယ်တော်လေ "

"မယ်မယ်ဟုတ်ဘူး "

"သားတော်လေးကိုမွေးထားတဲ့
မယ်မယ်အစစ်ပါ "

"မယ်မယ်အစစ် "

သားတော်လေးက အရှင်ပေါင်ပေါ်ထိုင်ရင်း
အရှင့်ကိုမော့ကြည့်ကာ မေးနေသည်။

ရှင်ဘုရင်ရဲ့ကြင်ယာတော်Where stories live. Discover now